Part-20🍂

1.3K 109 18
                                    

Unicode Ver:

Jimin လည်း ထယ်ယောင်းပြန်သွားတာနဲ့ Jk ဆီအမြန်ဖုန်းဆက်ရသည်။

Jk-hello ညီလေး။

Jimin-အကို ကျွန်တော် သတင်းတစ်ခုပြောမလို့ ထယ်လေးရဲ့အဖေက အဖေအရင်းမဟုတ်ဘူးတဲ့။

Jk-ဟမ် ဘယ်လို?

Jimin လည်း အကြောင်းစုံပြန်ရှင်းပြလိုက်တော့။

Jk-အော် ဒါကြောင့် သူပိစိကို ဒီလောက်နှိပ်စက်နေတာကို။ထယ်ပေါက်အတွက်စိတ်မကောင်းဘူး။သူကသူများအတွက်ဆို အရမ်းတွေးပေးတတ်တာ။

Jimin-ဟုတ်တယ်။ကျွန်တော်စိတ်ပူတာလည်းအဲ့တာပဲ။အခု အကို့ကို ကျွန်တော် ဖုန်းဆက်တာက ဒီပြသနာကို ထယ်လေးကိုပြန်မေးကြည့်ဖို့ ကျွန်တော်ပြောတယ် ဆိုပြီး ဖော်ကောင်လုပ်ဖို့ ပြောပြတာ မဟုတ်ဘူးနော်။သူ ညဘက်လိုင်းတက်လာရင် အကိုမျက်စိနောက်စရာတွေ ထပ်လုပ်မိမှာစိုးလို့။

Jk-ဒါဆို အကိုဘာလုပ်သင့်လဲ။

Jimin-ထယ်လေးက စိတ်ညစ်ရင်သီချင်းနားထောင်ရတာကြိုက်တယ်။နားထောင်တဲ့သီချင်းတွေကလည်းလုံးဝကို အနှစ်သာရ ရှိမဲ့ဟာမျိုး။သူ့ကို အားဖြစ်စေနိုင်မဲ့သီချင်းမျိုးပေါ့။အဲ့လိုမျိုးတွေ။ပြီးတော့ သူစိတ်ညစ်ရင် စကားနည်းတယ်။မပြောသလောက်ပဲ။သွားပြီး စားပြီးပြီလားတို့ အဆင်ပြေရဲ့လားတို့ သွားမလုပ်နဲ့။ဘာမှ မသိသလို ဘာမှမဖြစ်သလိုနဲ့ ပုံမှန်အတိုင်း ဂရုစိုက်ပေးပါ။ထယ်လေးက သူ့‌အကြောင်း လူတွေသိတာ မကြိုက်ဘူး။

Jk-အင်း အကိုနားလည်ပါပြီ။အခုလို‌ ပြောပြပေးတာ ကျေးဇူးပါပဲ။ဒါဆို အကို ဂျူတီလေးရှိသေးလို့ ချလိုက်ပြီနော်။

Jimin-ဟုတ်ကဲ့ အကို။

At Tae's side,,,

ထယ်ယောင်းတစ်ယောက် အတွေးပေါင်းများစွာနဲ့ အိမ်ကိုပြန်လာခဲ့သည်။လမ်းတစ်လျှောက်လည်း စကားတွေ တတွတ်တွတ်ဖြင့်။

Tae-အခုနေ ငါပြန်သွားရင် မျက်နှာပြောင်တိုက်သလိုဖြစ်နေမလား။အဖေ ငါ့ကိုတွေ့ချင်ပါ့မလား။ငါထွက်ပြေးသင့်ပြီလား။ဒါပေမဲ့ ငါမရှိရင် အဖေဘယ်လို စားသောက်မလဲ။သူမူးနေရင်ရော ဘယ်သူသွားခေါ်မလဲ။သူနှိပ်စက်သမျှလည်းငါကလွဲရင် ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး။ဘာပဲပြောပြော သူကငါ့ကျေးဇူးရှင် ခုချိန်ထိ ငါ့အဖေလို့သတ်မှတ်ထားဆဲပဲဟာ။

𝘚.𝘰.𝘧.𝘵(Completed)Waar verhalen tot leven komen. Ontdek het nu