Part-14🍂

1.3K 118 54
                                    

Unicode Ver:

ထယ်ယောင်း အိမ်ပြန်ရောက်တော့ အိမ်တံခါးဖွင့်ထားတာနဲ့ အထဲကို တန်းတန်းမတ်မတ် ဝင်ခဲ့လိုက်သည်။ဝင်လိုက်ရုံပဲရှိသေး သူ့ကို မျက်ထောင့်နီနဲ့စိုက်ကြည့်နေပါတဲ့ အမည်ခံအဖေဆိုသောသူ။

Namjoon-ဟက် အလေလိုက်ပြီးနောက်ဆုံးကျတော့ ပြန်လာသားပဲ။

Tae-ဖေဖေ ဘာတွေပြောနေတာလဲ။သားကဆေးရုံရောက်နေတာ။

Namjoon-သိသားပဲ။စောက်ပိုတွေဖြစ်ပြနေတာလေ။ငါမသိရင်ခက်မယ်။သွားသွား ငါစားဖို့တစ်ခုခုလုပ်ပေး။

ထယ်ယောင်းလည်းဘာမှ ပြန်မပြောတော့ဘဲ မီးဖိုချောင်သို့သာ ဝင်ခဲ့လိုက်သည်။ပါးပြင်ပေါ်ပူပူနွေးနွေးမျက်ရည်တစ်ပေါက်ကကျဖြစ်အောင် ကျလိုက်သေးသည်။

Tae-စောက်မှတ်မရှိလိုက်တဲ့မျက်ရည်ပဲ။မင်းကိုစိတ်မပူမှာ သိသိကြီးနဲ့ သက်သာရဲ့လားဆိုတဲ့ စကားကိုမျှော်နေတာလဲ။မင်းကသူ့အချစ်နဲ့ဘယ်တုန်းကတန်ခဲ့လို့လဲ။မရူးစမ်းနဲ့ ထယ်ယောင်းရယ်။မင်းကလူတွေအတွက် အသုံးမဝင်တဲ့ ခိုင်းဖက်တစ်ယောက်ထက်မပိုဘူး။မင်းမှတ်ထား။မင်းလိုလူ မင်းလိုအဆင့်အတန်းနဲ့ ဒီလောက်ထားပေးတာကိုပဲကျေးဇူးတင်စမ်း ထယ်ယောင်း။ကိုယ့်အဆင့်ကိုယ်မမေ့နဲ့။

ထယ်ယောင်းလည်း တစ်ယောက်တည်း စကားတွေပြောကာ တစ်ခုခုချက်ရန် ပြင်ဆင်လိုက်သည်။ဘာရှိလောက်မလဲဆိုပြီး ဗီရိုတွေ ဖွင့်ကြည့်မိတော့ ကြက်သားလေးပဲရှိတာနဲ့...ပြုတ်လိုက်ကာ အစိတ်အစိတ်အမွှာမွှာခွဲပြီး ငရုတ်သီးလေးနဲ့ ခြောက်ခြောက်လေးနဲ့စပ်စပ်လေးဖြစ်အောင် ကြော်လိုက်သည်။

Tae-ဖေဖေပြောဖူးတယ်။အစပ်ကြိုက်တယ်တဲ့။မေမေချက်ပေးတဲ့ကြက်ခြောက်စပ်လေးကိုအရမ်းကြိုက်တာ။ဒါလေးစားပြီးခံတွင်းတွေ့သွားရင်ကောင်းမှာပဲ။

ထယ်ယောင်းလည်းလှလှပပလေးထည့်ကာ အဖေ့ကိုခေါ်လိုက်မိသည်။Namjoon လည်းထမင်းစားရန်လာလိုက်တော့ သူ့မိန်းမရှိစဉ်က အကြိုက်ဆုံးဖြစ်ခဲ့သော ကြက်ခြောက်စပ်လေး...ထိုပန်းကန်တွေကို ဆွဲချပစ်လိုက်ပြီး...

Namjoon-မင်း ဘာသောက်ချိုးချိုးတာလဲ ကင်မ်ထယ်ယောင်း။

Tae-ဖေဖေကြိုက်တာလေးလုပ်ပေးထားတာလေ ဖေဖေရယ်။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now