Part-26🍂

1.2K 111 6
                                    

Unicode Ver:

Jimin-ခုချိန်ကစပြီးတော့ ထယ်လေး မင်းဖြစ်ချင်တာတွေ ကလေးလေးလို ဆိုးချင်တာတွေ အကုန်လုံးလုပ်လို့ရပြီ။မင်းလိုချင်တဲ့ဘဝလေးကိုပိုင်ဆိုင်ပြီ ကလေးလေး။

Tae-ဟင် တကယ်?ဒါပေမဲ့ ဖေဖေ...

ဟုဆိုကာ မျက်လုံးလေးလှန်ကာကြည့်တော့

Namjoon-ဆိုးစေဗျာ။ကြိုက်သလောက်ဆိုး။ဖေဖေ့Company ကို Jkလေးဖေဖေလက်ထဲ အပ်ထားတယ်။အခု ငယ်ငယ်တည်းက သားမရလိုက်တဲ့ ဂရုစိုက်မှုတွေ ပျော်ရွှင်မှုတွေကို ပေးမယ်။နေ့တိုင်းသားကိုအချိန်ပေးမယ်။

Tae-သားသေပျော်နေပြီ ဖေဖေ။ဒီလိုမျိုးကို တစ်သက်လုံး စိတ်ကူးယဉ်ခဲ့ရတာ မဖြစ်နိုင်တော့ဘူလို့ထင်ခဲ့တာ။အခုချိန်လေးတွေကို ရုပ်ရှင်တစ်ကားလို ရပ်ထားပစ်ချင်လိုက်တာ။

Namjoon-သားရယ်။မပူနဲ့တော့နော်။ဖေဖေက သားရပ်ထားစရာမလိုတော့အောင် တစ်သက်လုံး ဒီလိုမျိုးနဲ့ပြည့်နေအောင်လုပ်ပေးမယ်။

ထယ်ယောင်းလည်းသွားလေးဖြဲပြကာ လက်သန်းလေးနဲ့ ကတိဆို လုပ်ပြလိုက်တော့။

Namjoon-ကတိပါဗျာ။ကတိ ကတိ။

Jimin-ဦးလေး။ထယ်လေးကိုလည်း စိတ်ချပြီ ဆိုတော့ ကျွန်တော်ပြန်အုံးမယ်။အိမ်မှာ အမေကလည်းနေမကောင်း၊အဖေကလည်း အလုပ်သွားတယ်ဆိုတော့ စိတ်မချလို့။

Namjoon-ဟုတ်ပြီသား။ပြန်ပါ။

Jimin-ငါပြန်ပြီထယ်ထယ်။ညကျ လိုင်းပေါ်မှာ တွေ့မယ်။

Tae-ဟုတ်ပြီ။ဂရုစိုက်နော်။

Namjoon-ကဲ သားသူငယ်ချင်းလည်းပြန်သွားပြီ။သားလေးဘာလုပ်ချင်လဲ။

Tae-သားလေ ကစားကွင်းသွားကြည့်ချင်တယ်။ငယ်ငယ်တည်းကနေ ခုချိန်ထိ တစ်ခါမှ မရောက်ဖူးဘူးလေ။သူများတွေပြောတာ ပျော်ဖို့ကောင်းတယ်ဆိုလို့။ဒါပေမဲ့ ဖေဖေ အဆင်ပြေမှပါ ဟီး။

Namjoon-ရတာပေါ့သားလေးရယ်။ကစားကွင်းသွားမယ်။မုန့်တွေစားမယ်။သားလေးအတွက် လိုအပ်တာတွေ ဝယ်ပေးမယ်။

Tae-ရေး တကယ်နော်။သား အဝတ်လဲမို့ သုံးမိနစ်ပဲစောင့်။

Namjoon-ကဲ ကြည့်စမ်း။ညစ်ပတ်အိုးလေးကတော့။သွား ရေချိုးပြီးမှသွားမယ်။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now