Part-3🍂

2.3K 211 18
                                    

Unicode Ver:

  Jk နဲ့ ထယ်ယောင်းတို့ အိမ်ထဲဝင်လာကြသည်။Jk ကလည်းမျက်နှာကဆူပုတ်လျက်။ထယ်ယောင်းကလည်း သူ့အကိုအားတကြည့်ကြည့်နှင့် ငိုမဲ့မဲ့ ဖြစ်တာကြောင့် မိဘများစိတ်ပူသွားကာ...

Yoongi-သား Jk ဘာဖြစ်လာတာလဲ။ ကလေးကိုဘာလုပ်လိုက်တာလဲ။

Namjoon-ထယ်လေးကရော ကိုကို မကြိုက်တာ ဘာလုပ်လိုက်လဲ။ဖေဖေ့ကိုပြော။

Jk-ထယ်ပေါက်က သားကိုဘာမှ မလုပ်ပါဘူးဦးရဲ့။သားကလည်းကလေးကိုဘာမှ မလုပ်ဘူး။

Yoongi-ဒါဆို ဘယ်သူကဘာလုပ်တာတုန်း။

Tae-ဟိုနှစ်ယောက်ပေါ့။ထယ်ထယ်တို့နှစ်ယောက်ကိုကြည့်ပြီး မျိုးမစစ်လို့ပြောသွားတယ်။ထယ်ထယ်ကဘာမှန်းမသိပေမဲ့ ကိုကိုကဒေါသထွက်နေတာ။

Jk-သားသိတယ် ဖေဖေ။ဘာကိုဆိုလိုလဲဆိုတာ။သူတို့အရမ်းမိုက်ရိုင်းကြတာပဲ။သူ့သမီးကလည်း ထယ်ပေါက်ကို ရစရာ မရှိအောင်ပြောတယ်။

Namjoon-အေးပါ သားရယ် စိတ်ထဲမထားပါနဲ့။နောက်ကို ဦးတို့သူတို့နဲ့အတတ်နိုင်ဆုံးရှောင်ပါ့မယ်။သားလည်းရန်ငြိုးမထားရဘူးနော်။

Jk-ဟုတ် ဒီတစ်ခါတော့ရှိပါစေတော့။နောက်တစ်ခါထယ်ပေါက်ကိုပြောမယ်ဆိုရင်တော့ သားအာမ မခံဘူးနော်။

Yoongi-ဟုတ်ပါပြီ အချစ်သူရဲကောင်းကြီးရယ်။Namjoonရေ မင်းသားကိုစိတ်ချလိုက်လို့ရပြီကွ။

Namjoon-အော် ဒါနဲ့ မနက်ဖြန် Lee Wobin ညစာစားပွဲလုပ်မယ်ဆို မင်းကိုဖိတ်ထားလား။ငါ့ကိုလည်းလာခဲ့ဖို့ပြောထားတယ်။

Yoongi-ငါ့ကိုလည်းပြောတယ်ကွ။ငါကတော့ စိတ်ထဲလေးနေသလိုကြီး မသွားချင်ဘူး။

Namjoon-မသွားလို့တော့မရဘူး။ဘာပဲပြောပြော မိတ်ဆွေတွေပဲမလား။မိသားစုလိုက်လာခဲ့ခိုင်းတာကွ။ဒီလိုလုပ်လေ။မနက်ဖြန် ငါတို့သုံးယောက်နဲ့ပဲ အတူတူသွားလိုက်။

Yoongi-အေး ဟုတ်ပြီကွာ။ဒါဆို ငါတို့ပြန်အုံးမယ် ဟျောင့်။

At Wobin's side,,,,

Wobin-မိန်းမ မင်းစဉ်းစားစမ်း။အခု ဟိုအကောင်က သူ့သားကို တခြားတစ်ယောက်ရဲ့သားနဲ့ပေးစားမယ်ဆိုတော့ ငါတို့ကိုကူညီနိုင်မှာမဟုတ်ဘူး။စကားနဲ့လည်းသွေးခွဲကြည့်ပြီးပြီ။သူတို့ကအရမ်းစည်းလုံးနေတယ် ဆိုတော့က....

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now