Part-22🍂

1.2K 114 13
                                    

Unicode Ver:

Jimin-ဒါဘာကိုဆိုလိုတာလဲ ဦးလေး။

Namjoon လည်း အသံကြားတာကြောင့် ထိတ်ထိတ်ပြာပြာ ဖြစ်သွားပြီး လှည့်ကြည့်လိုက်တော့ လက်ထဲမှာ ပန်းကန်ကိုင်ထားကာ လှေကားရင်းတွင် ရပ်နေပါတဲ့ Jimin.

Namjoon-ဘာ ဘာမှမဟုတ်ဘူး။မင်းတော်တော်လျှာရှည်တာပဲ။အဟမ်း

Jimin-ဦးလေး အမှန်တိုင်းပြောရင်ပြော။မဟုတ်ရင် ကျွန်တော် ထယ်ယောင်းကိုပြောရလိမ့်မယ်။

ထယ်ယောင်းဆိုတဲ့ အသံကြားတာနဲ့ Namjoonတစ်ယောက် မျက်ရည်များတာကျိုးသလို စီးကျလာသည်။

Namjoon-သားလေးကိုတော့ မပြောပါနဲ့။ဦးလေး ပြောပြပါ့မယ်။ဒီမှာ လာထိုင်ပါ။

Jimin လည်း သွားထိုင်လိုက်ပြီး..

Jimin-ကဲ ပြောတော့။

Namjoon-သားလေးရော။

Jimin-သူအားနည်းနေလို့ မုန့်ကျွေးဆေးတိုက်ပြီး သိပ်ထားတယ်။ ဟက် နှိပ်စက်တုန်းက နှိပ်စက်ပြီး အခုမှ သားလေးတဲ့။ပြောထွက်တယ်နော်။အံ့ဩပ။

Namjoon လည်း အကြောင်းစုံကို ရှင်းပြလိုက်တဲ့အခါမှာတော့။

Jimin-ကျွန်တော်စိတ်မကောင်းပါဘူး။ဒါပေမဲ့ ဦးလေးဒီလိုလုပ်တာ မှန်တယ်လို့ထင်သလား။ဦးလေးက ကျွန်တော်တို့ထက် အသက်ရော ပညာရေးရော လူမှုရေးနယ်ပယ်မှာပါ ပိုတော်ပါတယ်။ဦးလေးတွေးခေါ်နိုင်စွမ်းရှိမှန်းသိတယ်။ဒါပေမဲ့ ဒီ
‌ေဖြရှင်းနည်းကတော့ မဟုတ်သေးဘူးလို့မြင်တယ်။

Namjoon-ဦးလေးသိတယ်။ဒါပေမဲ့ လုပ်မိလုပ်ရာ လုပ်လိုက်မိတာ။ဒီလောက်လုပ်လိုကိရင်တော့ သူဦးလေးကိုမုန်းသွားမှာပဲဆိုပြီးတွေးလိုက်မိတာ။

Jimin-ထယ်လေးကဖြူစင်တယ်။လုံးဝကိုအဖြူထည်လေး။အခုလိုသိသွားတော့လဲ သူ့မှာပေးဆပ်ရမဲ့ တာဝန်ရှိတယ်တဲ့။ဦးလေးဘယ်လိုလုပ်လုပ် သူမမုန်းခဲ့ဘူး။ကျွန်တော်ကိုယ်တိုင် ရုန်းထွက်တော့ဖို့ ပြောတာတောင် ဦးလေး ဦးလေး ဦးလေးနဲ့ အရာရာ ဦးလေး အတွက်တွေးပေးခဲ့တာ။ဒီလိုဆက်လုပ်နေရင်တော့ သူပဲသေသွားမယ်။ဦးလေးကိုမုန်းမှာတော့ မဟုတ်ဘူး။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now