Part-29🍂

1.1K 113 20
                                    

Unicode Ver:

"အင်းဖြစ်သွားပြန်ပြီ🤦🏻‍♀️"

*မေးတဲ့အပေါ်မူတည်တယ်လို့ပြောတာကိုㅋㅋㅋ*

"ရီတာလေးကလည်းကိုက်စားမိတော့မယ် အသဲယားလို့။"

*ㅋㅋㅋ*

"အာ ဒီကောင်လေး!"

*ဘာလဲ ဘာလဲ မကျေနပ်ဘူးလား။😒*

"ကျေနပ်ပါတယ်ဗျာ။ကိုကိုတို့တော်တော်ရင်းနှီးလာတာပဲ။ပျော်လိုက်တာ။"

*ဒါပေမဲ့ ငယ်ငယ်တုန်းကလိုတော့ ဖြစ်နေမှာမဟုတ်ဘူး။အရမ်းကိုသည်းခံပေးနိုင်မှရမယ်။အရမ်းကိုပေါ့။*

"စိတ်ချပါ ပိစိ။ကိုကို ကလေးအကြောင်းတွေ အကုန်သိပြီးသားမို့လို့ မင်းလေးကထားခဲ့ ဆိုရင်တောင် မထားခဲ့တော့ဘူး။"

*အင်း ဖေဖေလာပြီ။ဆင်းတော့မယ်။*

"တာ့တာ နောက်မှတွေ့မယ်။"

ထိုစာလေးကိုမြင်ပြီး ပြန်စာမလာတော့တဲ့ conversationတစ်ခု။

Jk-အင်း ဒီလိုဆို အဆင်ပြေလာပြီ။ရတယ် ကလေး။အဆင်ပြေသလိုပဲနေ။ကိုကိုက မရရအောင် လိုက်ပြီးညှိယူမယ်။ကလေးကြိုက်တဲ့ပုံစံဖြစ်အောင် နေမယ်။ကလေးသာ ပေါက်ကရ‌အတွေးတွေနဲ့လုပ်ရပ်တွေ မလုပ်တော့ရင် ရပြီ။

Jk လည်း စကားပြောပြီးပြီမို့ ရေမိုးချိုးကာ အိပ်စက်ခြင်းသို့။တစ်နေကုန် ဆေးရုံမှာပင်ပန်း ထားသောကြောင့်။ပုံမှန်ဆို ညဂျူတီ မရှိရင် စောစောအိပ်တတ်ပေမဲ့ ထယ်ပိစိလေးနဲ့ စကားပြောချင်တာမို့ စောင့်နေခြင်းဖြစ်သည်လေ။

At Tae's side,,,

ထယ်ယောင်းတစ်ယောက် လိုင်းပေါ်က ဆင်းလိုက်ပြီး တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေမိသည်။

Tae-ငါဘာလို့ ဒီလိုပြောရဲသွားတာလဲ။ငါမှ ဟုတ်ရဲ့လား။ကိုကိုကရော တခြားသူတွေလို တစ်ခနပဲလား။ငါမျှော်လင့်သလို တစ်သက်လုံးအတွက် မပြောင်းလဲတဲ့ ခံစားချက်ဆိုရင် ဘယ်လောက်ကောင်းမလဲ။အင်း ဒါပေမဲ့ မမျှော်လင့်ပါနဲ့ ကင်မ်ထယ်ယောင်းရယ်။မင်းဘဝမှာ အခုမှ ဖြစ်ချင်တာလေးဖြစ်စရှိတုန်းလေ။ဘယ်အချိန် အရင်လို ငရဲတွင်းထဲ ကျမလဲ မပြောနိုင်ဘူး။အရင်ကလည်း မျှော်လင့်ခဲ့ဖူးတာပဲ။ဖြစ်လာခဲ့လို့လား။အမှတ်ရှိပါတော့ ထယ်ယောင်းရယ်။မင်းနဲ့မတန်ပါဘူး။သူက မင်းထက်သာတဲ့သူတွေနဲ့ပဲ ထိုက်တန်တာ။သူကတော့ လူတိုင်းရဲ့ တန်ဖိုးထားရတဲ့ ပန်းလေးတစ်ပွင့်ပဲ။ငါကတော့ သူ့ကိုလှအောင် ပံ့ပိုးပေးရတဲ့ အရွက်လေးတစ်ရွက်ပဲလေ။ဒါတောင်မှ တစ်ခါတလေ လူတွေကို ပြသနာရှာနိုင်တဲ့ ဆူးတစ်ချောင်းများ ဖြစ်နေမလားတောင် မသိဘူး။ဟက် ရီရတယ်နော် ဘဝကြီးက။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now