အပိုင်း (၁၁) ကုကျိုး၏စွမ်းရည်

1.2K 297 21
                                    

((Zawgyi))

အပိုင်း (၁၁)
ကုကျိုး၏စွမ်းရည်

💊💊💊
ကုန်းရိထျန်းဟန်က ပန်းကန်လုံးကို ယူပြီး ငုံ့ကြည့်လိုက်၏။

ပန်းကန်လုံးက သူ့လက်ဖဝါးထက်စာရင် အနည်းငယ်ပိုကြီးပြီး ထမင်းစားဇွန်း (၈)ဇွန်း ခန့် ဟင်းရည်ပမာဏ ဝင်ဆန့်နိုင်သည်။ 

ပန်းကန်လုံးထဲရှိ ဓာတ်စာက ဟင်းရည် အမျိုးအစားဖြစ်ကာ မွှေးရနံ့ပြင်းပြီး အရောင်အဆင်း ပြည့်ဝတောက်ပနေသည်။ ပါဝင်သည့် ဆေးအမယ်အားလုံးမှာလည်း ဟင်းရည်ထဲတွင် အတူတကွ ပျော်ဝင်ပေါင်းစပ်နေသဖြင့် ဆေးဝါး အမျိုးအစားများကိုပင် ခွဲခြားသိနိုင်ရန်ခက်ခဲလှသည်။

သူသည် ထိုဟင်းရည်ဓာတ်စာမှ ထွက်ပေါ်နေသော မွှေးရနံ့ကို တစ်ချက်မျှ ရှုရှိုက်လိုက်သော် အဆုတ်ထဲသို့ အနွေးဓာတ်တစ်ခုက စီးဝင်လာပြီး ထိုအနွေးဓာတ်က ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ လည်ပတ်စီးဆင်းသွားသည်။ သိပ်မကြာခင် သူ့တစ်ကိုယ်လုံးက အလွန်သက်တောင့်သက်သာရှိလာသလို ခံစားလာရသည်။

ကုန်းရိထျန်းဟန်သည် တုန့်ဆိုင်းမနေဘဲ ထိုဟင်းရည်ကို တစ်ချိုက်တည်းနှင့် အကုန်သောက်သုံးလိုက်သည်။

ထို့နောက် သူသည် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်စားနေသည့် ကုကျိုး၏ စိတ်အားထက်သန်သော မျက်လုံးများကို လှမ်းကြည့်လိုက်သည်။ သူက တခဏမျှ ချင့်ချိန်စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"နည်းနည်း ပေါ့တယ်"

ကုကျိုး: "..."

တကယ်တော့ သူက အရသာ ဘယ်လိုနေလဲဆိုတာကို မေးချင်တာမဟုတ်ဘူးလေ။ -- အဲ....လုံးဝမမေးချင်တာတော့ မဟုတ်ဘူးပေါ့

အဲ့တော့ သူက ဘယ်လိုနားလည်ရမှာလဲ? သူ့ဟင်းက တကယ်ပဲ ပေါ့နေတာလား? ပထမဆုံးအကြိမ် ဓာတ်စာဟင်းချက်တာဆိုတော့ သူလည်း ဆားမထည့်မိဘူး။ ဒါပေမယ့် ကျမ်းစာထဲက အညွှန်းမှာလည်း ဆားမထည့်ဖို့ ပြောထားတာပဲ! နည်းနည်းပေါ့သွားတော့ သူလည်း ဘာမှမတတ်နိုင်ဘူး.....လေ?

မဟုတ်သေးဘူး။ ဆေးအမယ်တွေထဲမှာ သဘာဝအရ အငန်ဓာတ်ပါတဲ့ အမယ်တွေရှိတာပဲ။ နောက်တစ်ခါကျရင် သူ ဆေးအမယ်တွေကို သေချာဂရုစိုက်ပြီး ရွေးရမယ်။ ပြီးရင် 'ညွတ်ပြောင်းရိုးသွယ် ပန်းပွင့်သဖွယ်' လက်စည်းတံဆိပ်ကို သုံးပြီး အရသာပိုပြင်းပြင်းနဲ့ အကျိုးသက်ရောက်မှုပိုရှိအောင် လုပ်ရမယ်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now