အပိုင်း (၆) ​ထောက်ပံ့သူကို ခြိမ်းခြောက်ခြင်း

1.2K 285 39
                                    

((Zawgyi))

အပိုင်း (၆)
ထောက်ပံ့သူကို ခြိမ်းခြောက်ခြင်း

💊💊💊
အိမ်တော်ထဲကိုဝင်လို့ရမယ့် တစ်ခုတည်းသောနေရာက......

ကုကျိုးသည် ခေါင်းကိုမော့ကာ (၁၀)မီတာမကမြင့်မားသော နံရံကြီးကို ငေးမောကြည့်နေသည်။ ထို့နောက် သူက အကြည့်တွေကို တိတ်ဆိတ်စွာ နေရာရွှေ့လိုက်၏။

ကုန်းရိအိမ်တော်ပိုင် နောက်အိမ်တော်တစ်လုံးသည် လက်ရှိတွင် ကုန်းရိထျန်းဟန်၏ သီးသန့်အိမ်တော်ဖြစ်သည်။ ဒီအိမ်တော်သည် ယခုအချိန်တွင် သူနှင့် အုတ်နံရံတစ်ခုသာခြားနေကာ အထဲတွင် သူကြိုးစားပမ်းစား ရှာဖို့လိုအပ်နေသည့် ထောက်ပံ့သူရွှေသခင်လေး ရှိနေပေသည်။

နှမြောစရာကောင်းသည်မှာ ဒီနံရံကြီးသည် သဘာဝကျုံးကြီးတစ်ခုသဖွယ်ဖြစ်ကာ သူဘယ်လိုမှ ကျော်တက်လို့မရနိုင်ခြင်းပင်။

......အရေးကြီးတဲ့အဆင့်ရောက်မှကွာ, ဘာဖြစ်လို့ ဒီထောက်ပံ့သူရွှေသခင်လေးက ဒီလောက်တောင် တွေ့ဖို့ခက်ရတာလဲ!

သူက နံရံဘေးက ချုံပုတ်ထဲတွင် အချိန်ကြာကြာ ပုန်းနေပြီးမှ သူ့နောက်တွင်ရှိသော တောင်ကုန်းကဲ့သို့ အငူလေးတစ်ခုဆီသို့ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြန်လှည့်လာခဲ့၏။

တခြားနည်းလမ်းမရှိဘူး။ သူ့မှာပါတဲ့ ရှိစုမဲ့စုပိုက်ဆံလေးကလည်း မလောက်တော့တာကြာပြီ။ သူက တွေ့ရာနေရာက အသားလွတ်ပေါက်စီလေးတွေဝယ်စားပြီး ကြားသမျှ အတင်းအဖျင်းတွေနောက်ကိုလိုက်ကာ ဒီလိုလူသူကင်းမဲ့၊ တိတ်ဆိတ်နေသည့် နေရာသို့ရောက်ရှိလာခြင်းဖြစ်သည်။

ကုန်းရိထျန်းဟန်၏အိမ်တော်က ဘာလို့ ဒီလို လူမရှိသူမရှိနေရာဖြစ်နေမှန်း သူမသိပေမယ့် ဒီကုန်းအငူလေးကိုတော့ အသွားအလာတားမြစ်ထားခြင်းမရှိတာကြောင့် သူ့အတွက် နည်းနည်းအဆင်ပြေနေသည်။

ဥပမာ သူသည် ဒီနေရာတွင် ဂူလိုလို ဘာလိုလိုနေစရာတစ်ခုကိုရှာကာ ခေတ္တနေထိုင်နိုင်သည်။

ဒါပေမယ့် ကုန်းရိထျန်းဟန်က ဘယ်လောက်ပဲသတိထားစရာ မလိုဘူးဆိုဦးတော့ ခြံဝန်းထဲတွင် စောင့်ကြပ်နေသည့် အစောင့်တပ်သားတွေကတော့ မနည်းမနောပင်။ ကုကျိုး၏ လက်ရှိ ဘာအသုံးမှမဝင်တဲ့ ခန္ဓာကိုယ်နဲ့ဆို အထဲဝင်ရဖို့မပြောနဲ့၊ အတင်းဇွတ်ဝင်ပြီး သူ့ကိုအလုပ်ခန့်ပါလို့ပြောမိရင်တောင် ပြဿနာရှာတဲ့ လူဆိုးကောင်ဆိုပြီး အဖမ်းအဆီးခံရမှာသေချာသည် -- သူက ဒီလို မိသားစုအိမ်တော်ကြီးက အစောင့်တပ်သားတွေကို လူ့အခွင့်အရေးတွေဘာတွေ သွားပြောနေလို့လဲအပိုပင်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now