အပိုင်း(၇၀) ဧရာမကြိတ်ဆုံကြီး။

180 42 4
                                        

((Unicode))

အပိုင်း (၇၀)
ဧရာမကြိတ်ဆုံကြီး။

💊💊💊

ကုန်းရိထျန်းဟန် မီတာအနည်းငယ်အကွာအထိ အရှိန်ပြင်းစွာအောက်သို့နိမ့်ဆင်းကျသွားသည်။ သူ့အခြေအနေက ထိပ်တန်းပြိုင်ပွဲဝင်များထဲမှ အဆင့်ပြုတ်တော့မလိုဖြစ်လာသည်။ ဒါပေမဲ့ သူကဘယ်လိုလူမျိုးမို့လို့လဲ။ သူကဘယ်လိုလုပ်သူ့ကိုယ်သူ တကယ်အရှုံးခံမှာတဲ့လဲ။

ကုန်းရိထျန်းဟန်က ခါးကိုချက်ချင်းတစ်ပတ်လှည့်ကာ တောင်နံရံအားခြေထောက်နှစ်ဖက်ဖြင့်ထောက်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ငှက်တစ်ကောင်ကဲ့သို့ အပေါ်သို့ခုန်ပျံတက်သွားသည်။ အမှန်ပင်၊ သူက လေထဲတွင်လျှောတိုက်ရွေ့လျားနိုင်သည့် ကောင်းကင်သိမ်းငှက်ခြေလှမ်းသိုင်းကွက်ကိုသုံးလိုက်ခြင်းဖြစ်သည်။ အခုတော့ ထိုသိုင်းကွက်အစွမ်းဖြင့် ဘယ်လိုနည်းနဲ့မှ လဲပြိုနေသည့်အခြေအနေကနေ ပြုတ်ကျဖို့မဖြစ်နိုင်တော့ပေ။

ရလဒ်အနေဖြင့် ကုန်းရိထျန်းဟန်က ပြုတ်မကျသွားသည့်အပြင် မီတာဆယ်ဂဏန်းခန့်ပင်ရှေ့သို့ပိုထိုးတက်သွားကာ အချိန်တိုအတွင်း အားလုံး၏အရှေ့ပထမနေရာသို့ရောက်ရှိသွားသည်။

ကုကျိုကြည့်ရင်း အဆက်မပြတ်ရင်တမမဖြစ်နေရမှ ထိုအချင်းအရာကိုမြင်တော့ ရုတ်တရက်ကိုယ့်ကိုယ်ကိုယ်တုံးအ,သည်ဟုထင်မိသည်။

ဟုတ်သားပဲ၊ သူ့အစ်ကိုကြီးမှာကောင်းကင်သိမ်းငှက်ခြေလှမ်းရှိသေးတာပဲ။ ဒါ သူဟိုးပဝေသဏီကတည်းက သိထားတဲ့ကိစ္စမဟုတ်လား။ သူက တကယ့်ကိုတိုက်ခိုက်ရေးတုံ့ပြန်မှုအားနည်းတာပဲ။ မဟုတ်ရင် ဒီလိုမျိုးလုံးဝစိတ်ပူနေမှာမဟုတ်ဘူး။

အခုကျမှ ကုကျိုတစ်ယောက်သက်မချနိုင်တော့သည်။

ပထမစမ်းသပ်မှုက ကုန်းရိထျန်းဟန်ကို ဘယ်လိုမှသက်ရောက်မှုရှိမှာမဟုတ်ပေ။

ကိစ္စများကလည်း အမှန်ပင်ဒီအတိုင်းဖြစ်လာသည်။

ကုန်းရိထျန်းဟန်က သန်မာကြံ့ခိုင်သူပီပီ၊ ပထမမီတာ(၃၀၀)ကို အထစ်အငေါ့မရှိအောင်မြင်ချောမွေ့စွာဖြတ်သန်းနိုင်ခဲ့သည်။ က‌မ္ဘာ့ဆွဲငင်အားပိုများလာသည့် ဒုတိယမီတာ(၃၀၀)မှာလည်း ထိုနည်းလည်းကောင်းပင်။ တတိယအဆင့်ကိုရောက်တော့ ဆွဲငင်အားပိုပြီးကြီးမားလာသည်။ သို့သော်သူက အစကနေအဆုံးအထိဘာမှမဖြစ်သလိုပဲကျော်ဖြတ်နေသည်။ သူ့ကိုကြည့်ရတာ မိမိကိုယ်ပေါ် မည်မျှကြီးမားသည့်အလေးချိန်မျိုးကျရောက်နေပါစေ၊ အဲ့ဒါက သူ့ကိုဘာအနှောင့်အယှက်မှမဖြစ်‌စေသည့်အတိုင်းပင်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now