((Unicode))
အပိုင်း(၆၉)
ခါးသီးသည့်စမ်းသပ်မှု။💊💊💊
ပြန်သွားပြီးနောက် သူတို့နှစ်ယောက် ခါတိုင်းနေ့များလိုပင် တင်ပျဉ်ခွေထိုင်ကာ ကိုယ်စီကျင့်ကြံရေးလုပ်လိုက်ကြသည်။ ဤသို့ဖြင့် သူတို့ဒုတိယနေ့ကိုအေးချမ်းစွာ ကြိုဆိုလိုက်သည်။
ယနေ့က နိုင်ငံတစ်ရာသိုင်းပြိုင်ပွဲ တရားဝင်စတင်ကျင်းပသည့်နေ့လည်းဖြစ်သည်။
မနက်စောစော၌ ဘုရင်ငယ်ချန်ဟယ်က အပြင်ဘက်ဝင်ပေါက်နားရောက်နှင့်နေကာ ရှန်းထျန်းချီစွမ်းအားများစွာသုံး၍ အချက်ပေူသံအရှည်ကြီးတစ်ခုပြုလုပ်လိုက်သည်။
ချန်ယွင်အင်ပါယာမှသိုင်းပညာရှင်များအားလုံးက ထိုအသံကြားသည်နှင့် မိမိတို့အခန်းထဲမှအသီးသီးချက်ချင်းထွက်လာကြသည်။ အချိန်တိုအတွင်း၌ သူတို့အားလုံးခြံဝန်းထဲတွင် ညီညာစွာရပ်လိုက်ကြသည်
ပါဝင်ယှဉ်ပြိုင်မည့်သူစုစုပေါင်း(၆)ဦးရှိပြီး အားလုံးကတပ်ဖွဲ့တစ်ခုနှင့်တူကာ တက်ကြွလန်းဆန်း၍ အလွန်သူရဲကောင်းဆန်သည့်အသွင်အပြင်ရှိကြသည်။ သိုင်းပညာရှင်များကိုကာကွယ်မည့် ရှန်းထျန်းစွမ်းအားရှင်များနှင့် ထောက်ပံ့ကူညီမည့်ဆေးဆရာများအားလုံးလည်းရောက်ရှိနေကြပြီဖြစ်သည်။
ယနေ့ကဲ့သို့အရေးကြီးသည့်နေ့မျိုး၌ မည်သူကမှလျစ်လျူရှုမပျက်ကွက်ရဲကြပေ။ အဲ့ဒီအစား လူတိုင်းက မိမိပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ယခင်ကတစ်ခါမှမကြားဖူးခဲ့သည့် ဒီနိုင်ငံတစ်ရာသိုင်းပြိုင်ပွဲကြီးနှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြနေကြသည်။
ကုကျိုက ကုန်းရိထျန်းဟန်ကိုလှမ်းကြည့်ပြီး စိတ်ထဲဂနာမငြိမ်ဖြစ်မိသည်။
ပြိုင်ပွဲထဲမှာဘယ်လိုဆန်းဆန်းပြားပြားတွေဖြစ်လာမလဲမသိဘူး။ အလှည့်အပြောင်းတွေများဖြစ်လာမလား။ ဒါမဟုတ်မိသားစုတိုက်ပွဲတုန်းကလို အားလုံးကအဖွဲ့တွေခွဲပြီး တစ်သုတ်ချင်းတစ်သုတ်ချင်းတိုက်ခိုက်ရမှာလား။

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...