((Unicode))
အပိုင်း(၇၁)
နွေဦးသစ်လွင်ဆေးလုံးဂယက်။💊💊💊
လက်ရှိတွင် သိုင်းပညာရှင်အားလုံးရင်လေးသွားသည်။
အခုတော့ မသေမျိုးကျင့်ကြံသူများ၏စကားကမှန်ကန်ကြောင်း သူတို့သဘောပေါက်လာသည်။ သူတို့က ဒီနေရာတွင် ကိုယ်ခံပညာသုံး၍ရှောင်ရှားခြင်း သို့မဟုတ် တန်ပြန်တိုက်ခိုက်ခြင်းသာပြုလုပ်နိုင်သည်။
သို့နှင့်သိုင်းပညာရှင်များအားလုံး မိမိတို့လက်နက်များကို အလိုလိုထုတ်လိုက်သည်။
ကုန်းရိထျန်းဟန်ကလည်းချွင်းချက်မရှိပေ။ သို့သော် သူ့လက်ထဲတွင် လက်နက်အဆင်သင့်မပါလာပေ။ ထို့ကြောင့်သူက ကုကျိုထံသို့အတွေးတစ်ခုပို့လွှတ်၍ ချက်ချင်းပူးပေါင်းလှုပ်ရှားလိုက်သည်။ ထိုအခါကုန်းရိထျန်းဟန် လက်ဖြန့်လိုက်သည့်အခါ သူ့လက်ထဲတွင် ငွေရောင်လှံတစ်လက်ပေါ်လာသည်။
မျက်စိတမှိတ်အတွင်း ငွေမှင်ရောင်အလင်းတန်းများလက်သွားပြီးနောက် ကုန်းရိထျန်းဟန်ကယတစ်ယောက် လက်ထဲတွင်လှံကိုင်ကာ မားမားမတ်မတ်ရပ်လိုက်သည်။ အားကောင်းသောသွေးနှင့်ချီများက သူ၏ချောမောခန့်ညားမှုကိုပင်ဖုံးအုပ်ကာ လူအများအား သူ၏ရုပ်ရည်ချောမောမှုထက် ချီစွမ်းအားများကိုပိုမိုအာရုံစိုက်မိလာစေသည်။
သူ၏အရှိန်အဝါက သာမန်ထက်ပိုမိုထူးခြားနေသည်။
သို့သော်ကြိတ်ဆုံကြီးများပေါ်ရှိသိုင်းပညာရှင်အများစုက ငယ်ရွယ်ချောမောကြကာ သူတို့၏အရှိန်အဝါများကလည်း သာမန်ထက်ပိုမိုထူးခြားနေကြသည်။ လက်နက်များကိုင်ဆောင်ထားသည့် သူတို့၏ဟန်က စစ်သည်တော်များကဲ့သို့အရှိန်အဝါရှိကာ စိတ်ဓာတ်ခွန်အားများကလည်း စကားနှင့်ဖော်ပြရန်ခက်ခဲလှသည်။
ဒါကိုကြည့်ပြီးတော့ သူတို့ထဲကအများစုက သေခြင်းရှင်ခြင်းကြိတ်ဆုံကြီးပေါ်မှာ အသက်ဆုံးရှုံးကြလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ။
ကုကျို ကြိတ်ဆုံကြီးကိုကြည့်ရင်း ရင်ခုန်သံတွေမြန်လာသည်။

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...