အပိုင်း (၆၅) မင်းသမီးယောင်မင်။

313 59 5
                                        

((Unicode))

အပိုင်း(၆၅)
မင်းသမီးယောင်မင်။

💊💊💊

ကုကျိုပြုံးလိုက်သည်။

အခြားဆေးလုံးများကိုမပြောရဲပေမဲ့ ဒီနုပျိုဆေးလုံးများ၏ရလဒ်ကိုတော့ သူခေါင်းသုံးစရာပင်မလိုဘဲ ကြိုတင်မှန်းဆနိုင်သည်။ ထို့ကြောင့်ဤကဲ့သို့သာမန်ထက်ပိုသည့်အမြတ်အစွန်းများက မျှော်လင့်ထားပြီးသားဖြစ်သည်။

သို့သော်အမြတ်အစွန်းအလွန်ကြီးမားခြင်း၏နောက်ကွယ်၌ ကပ်လျက်လိုက်ပါလာသည်က ဘက်ပေါင်းစုံမှလိုချင်တပ်မက်လာခြင်းဖြစ်သည်။ ကုကျိုသည် သီးခြားစံအိမ်တော်အတွင်း၌သာ ဆေးလုံးများသန့်စင်ဖော်စပ်ခဲ့သည့်တိုင် လူပေါင်းများစွာ၏လျို့ဝှက်ထောက်လှမ်းခြင်းခံနေရသေးမှန်း သိလာရသည်။

ထိုအတောအတွင်း ကုကျိုကနေ့တိုင်းလျို့ဝှက်ခန်းထဲမှာသာနေပြီး အပြင်မထွက်ဘဲတံခါးပိတ်ထားသည်။ ကုန်းရိထျန်းဟန်ကတော့ အပြင်ဘက်မှကိစ္စများကိုဖြေရှင်း၍ ထျန်းလုံကိုယ်ရံတော်တပ်ဖွဲ့များကိုလှုပ်ရှားကာ သီးခြားစံအိမ်တော်အတွင်းအပြင်ရှိ သူလျိုများအားလုံးကိုသုတ်သင်ရှင်းလင်းစေသည်။

အခြေခံအားဖြင့် မည်သူကမှ ကုကျိုအကြောင်းဘာသဲလွန်စမှ ရှာမတွေ့သည့်အပြင် ဆေးညွှန်းရဖို့ဆိုတာကတော့ ဝေးလာဝေးပင်။

သေချာပေါက်အားလုံးကိုလှည့်စားနိုင်ရန် ကုန်းရိထျန်းဟန်က ဆေးအညွှန်းအချို့ကိုကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထိုဆေးညွှန်းအတုများကိုလည်း တမင်သေချာသိမ်းဆည်းကာ တင်းကြပ်စွာအစောင့်ချထားသည်။ ထို့ကြောင့် ဆေးညွှန်းများကအတုဆိုသော်လည်း မည်သူကမှအစစ်လားအတုလားခွဲခြားနိုင်မည်မဟုတ်ပေ။ ထိုအထဲတွင် အရေးကြီးသည့်အဓိကဆေးအမယ်တစ်မျိုးကိုမှားယွင်းစွာရေးသားထားသည်ကလွဲလျှင် ကျန်ပုံမှန်ဆေးအမယ်များကိုတော့ အမျိုးအစားတူ၍ ဤတိုက်ကြီးပေါ်ရှိ မတူသောနာမည်များနှင့်အစားထိုးထားသည်။

ထို့ကြောင့်တစ်ယောက်ယောက်က ဆေးအညွှန်းရှာတွေ့သွားလျှင်တောင် အထဲတွင်ပါသည့်ဆေးအမယ်များကို သိနိုင်မှာမဟုတ်ပေ။ အကယ်၍သူတို့သိသွားလျှင်တောင် ရှားပါးသောဆေးအမယ်တစ်မျိုးက မှားယွင်းနေလိမ့်မည်။ ထို့ကြောင့် ဆေးလုံးကိုစမ်းသပ်သန့်စင်သည့်အခါ ရရှိလာသည့်ဆေးလုံးက နုပျိုဆေးလုံးမဟုတ်ဘဲ အဲ့ဒီအစားရုပ်ပျက်ဆင်းပျက်ဆေးလုံးဖြစ်သွားပေလိမ့်မည်။--- အဲ့ဒါကအစပိုင်းတော့ ပိုမိုလှပလာလိမ့်မည်ဖြစ်သော်လည်း သုံးလကြာပြီးနောက် လျင်မြန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်သွားပေလိမ့်မည်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now