((Zawgyi))
အပိုင်း(၅၃)
သွေးအန်ခြင်း။💊💊💊
ပထမပွဲစဉ်၌ ကာယခွန်အားကိုစမ်းသပ်ခဲ့သည်။
ဒုတိယပွဲစဉ်၌ သိုင်းပညာအစွမ်းအားစမ်းသပ်ခဲ့သည်။
တတိယပွဲစဉ်မှာတော့ ရက်စက်ပြီးခက်ခဲသောတိုက်ပွဲတစ်ခုအတွင်း တစ်ဦးချင်းစီ၏တိုက်ခိုက်မှုစွမ်းရည်ကိုစမ်းသပ်တာဖြစ်သည်။
ဒါသည်ရှန်းထျန်းအဆင့်သို့တက်ရောက်ရန် လုံလောက်သောအလားအလာရှိမရှိကြည့်ရှုစစ်ဆေးဖို့သက်သက်တော့လုံးဝမဟုတ်။
အကယ်၍ချန်းယွင်အင်ပါယာတစ်ခုလုံး၏သိုင်းပညာမြင့်မားစေရန်ရည်ရွယ်သည်ဆိုလျှင်တောင် ယခုလိုအလောတကြီးလုပ်ဖို့မလိုအပ်ပေ။ လက်ရှိမျိုးဆက်သည် ယခင်မျိုးဆက်ထက်အနည်းငယ်ပိုမိုစွမ်းအားကြီးမားသည်ဆိုသော်ငြား သူတို့၏ခွန်အားကနဂါးပြာရေကန်ကိုအချိန်မကျခင်ကြိုတင်ဖွင့်လှစ်ရလောက်သည့်အဆင့်တော့မရောက်သေးပေ။
ဒီကိစ္စပြီးသွားသည်နှင့်တော်ဝင်မိသားစုဘက်မှ တောင်းဆိုစရာတစ်ခုခုရှိလာမှာစိုးရသည်။
ကုန်းရိထျန်းဟန်၏စိတ်အာရုံအတွင်း အတွေးများလှုပ်ရှားလည်ပတ်သွားပြီးနောက် အရာအားလုံးနီးပါးကိုသူခန့်မှန်းမိသွားသည်။
သို့သော်ဘယ်လိုအရာမျိုးတောင်းဆိုလာမလဲဆိုတာတော့ လတ်တလောသူခန့်မှန်းမရနိုင်သေးပေ။
သတင်းအချက်အလက်များကအလွန်နည်းပါးသည်။ သို့သော်အဆုံးသတ်၌ ထိုအရာသည်အင်ပါယာတစ်ခုလုံးအားအကျိုးဖြစ်ထွန်းစေမည့်ကိစ္စနှင့်ဆက်စပ်နေလိမ့်မည်။
ချန်းယွင်ဧကရာဇ်က တတိယမြောက်စမ်းသပ်ချက်၏လိုအပ်ချက်များထုတ်ဖော်ပြောကြားပြီးနောက် ထိပ်တန်းသိုင်းပညာရှင်(၈)ဦး၏စွမ်းဆောင်ရည်များကိုသာကြည့်ရမည်ဖြစ်သည်။
လူငယ်စွမ်းအားရှင်များက တစ်ဦးနှင့်တစ်ဦးမျက်နှာအမူအယာမတူညီကြသော်လည်း အားလုံး၏စိတ်ထားက သံသယဖြစ်ဖွယ်မရှိဂုဏ်သိက္ခာရှိရှိတည်ငြိမ်နေသည်။

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...