အပိုင်း(၇၅) ပဏာမအဆင့်အားဖြတ်ကျော်ခြင်း။

292 48 3
                                        

((Unicode))

အပိုင်း(၇၅)
ပဏာမအဆင့်အားဖြတ်ကျော်ခြင်း။

💊💊💊

ကုန်းရိထျန်းဟန်အသံတိတ်အစီအစဉ်ချရင်း တစ်ဖက်က ကုကျိုကိုနှစ်သိမ့်လိုက်သည်။ တတိယအချီပဏာမပွဲစဉ်များ စတင်လာခဲ့သည်။

ဟဲ့လျန်ရှင်းချန်က မျက်နှာပျက်ကာအတော်အရှက်ရသွားသည်။ သူကဖြစ်နိုင်ရင် အရာအားလုံးကိုပစ်ချကာ ဒီနေရာကနေချက်ချင်းထွက်သွားချင်မိသည်။ ကံမကောင်းစွာဖြင့် မသေမျိုးအဆင့်စွမ်းအားရှင်များ၏စောင့်ကြည့်မှုအောက်၌ သူမဆိုထားနှင့် ဘုရင်ငယ်ချန်းဟယ်သည်ပင် အလျင်စလိုမလုပ်ဝံ့ရဲပေ။

ထို့ကြောင့် သူ့မှာ မသေမျိုးကျင့်ကြံသူများရှေ့မှောက်သို့ အခြားနာမည်ကြီးသခင်လေးများတစ်‌ယောက်ချင်းစီရှေ့တက်ကာ တိုက်ခိုက်ရေးပွဲစဉ်ဆုံးဖြတ်ရန်မဲနှိုက်ကြသည်ကို ရပ်ကြည့်နေရုံသာတတ်နိုင်သည်။

သွမ်းမူချင်းရုံက သုံးယောက်မြောက်ဖြစ်သည်။

သူတို့အနောက်ဘက်မှာတော့ ဟဲ့လျန်ရှင်းချန်က သူတို့၏တိုက်ခိုက်ရန်ထွက်ခွာသွားသောပုံရိပ်များကိုကြည့်နေသည်။ သူ၏မျက်လုံးများထဲမှ ခါးသီးနာကျည်းမှုများလျှံထွက်နေသည်မှာ လျစ်လျူရှုထားလို့မရနိုင်လောက်အောင်ပင်။

တိုက်တိုက်ဆိုင်ဆိုင် သူ၏ခါးသီးသောအကြည့်များကို ဘုရင်ငယ်ကရုတ်တရက်သတိထားမိသွားသည်။

အစကတော့ ချန်းဟယ်စိတ်ထဲဝမ်းသာပျော်ရွှင်နေသည်။ ဒါပေမဲ့အခုတော့ သူမျက်နှာပျက်သွားသည်။

ဒီတစ်ခေါက်သူတို့၏ချန်ယွင်အင်ပါယာက ယခင်တစ်ခါမှမရရှိခဲ့ဖူးသောအောင်မြင်မှုများကိုရရှိခဲ့သည်။ အတိတ်ကအကြိမ်ပေါင်းများစွာ၌ သူတို့ခမျာ ဗိုလ်လုပွဲမတိုင်ခင် နောက်ဆုံးအဆင့်နေရာလုပွဲသို့တက်ရောက်ခွင့်ရဖို့ အချိန်ကြာကြာတောင့်ခံယှဉ်ပြိုင်နိုင်ခဲ့သူ တစ်ယောက်နှစ်ယောက်သာရှိခဲ့သည်။ ဒါသည်ပင် အလွန်ခက်ခဲခဲ့သည်။ ဒီတစ်ခေါက်တော့ သူတို့၏တော်ဝင်မိသားစုမှ ဂရုတစိုက်ပျိုးထောင်ထားသည့် ပါရမီရှင်ချန်းယွီက နောက်ဆုံးပိတ်အဆုံးအဖြတ်အဆင့်သို့ တိုက်ရိုက်တက်ရောက်သွားသည့်အပြင် ကုန်းရိအိမ်တော်မှလူကလည်း အံ့အားသင့်လောက်အောင်စွမ်းဆောင်နိုင်ခဲ့သည်။ အများကြီးမျှော်လင့်မထားသည့် ကျန်လူများကလည်း ဒီအဆင့်အထိရောက်အောင် တောင့်ခံနိုင်ခဲ့ကြသည်။ ဒါကသူတို့အတွက်ဂုဏ်ယူရမည့်အချိန်ဖြစ်သည်။.....ဒါပေမဲ့ အဲ့ဒီဟဲ့လျန်အိမ်တော်ကဘာဖြစ်‌တာလဲ။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now