အပိုင်း(၇၈) ထိပ်ဆုံး(၃)ဦး။

159 46 0
                                        

((Unicode))

အပိုင်း(၇၈)
ထိပ်ဆုံး(၃)ဦး

💊💊💊

ကျန်ပြိုင်ပွဲဝင်(၄)ဦးက ပွဲစဉ်(၂)ပွဲတိုက်ခိုက်ရန်ကျန်ရှိနေသေးသည်။ ထိုမှအနိုင်ရရှိသူ(၂)ဦးက ထိပ်ဆုံး(၃)နေရာသို့ဝင်ရောက်နိုင်မှာဖြစ်သည်။ ထို့နောက် ၎င်းပြိုင်ပွဲဝင်(၃)ဦးက ထိပ်ဆုံး(၃)နေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်ရမှာဖြစ်သည်။ စင်အောက်ရှိသိုင်းပညာရှင်များကတော့ ကျန်ရှိနေသောအဆင့်နေရာများအတွက်သာ ယှဉ်ပြိုင်တိုက်ခိုက်ရတော့မှာဖြစ်သည်။

ယခုတော့လူအများက သတိထားမိလာသည်။ ဒီတစ်ခေါက်နိုင်ငံတစ်ရာသိုင်းပြိုင်ပွဲ၌ တတိယအဆင့်နိုင်ငံလေးတစ်ခုက မကြုံစဖူးထူးခြားသည့်ခွန်အားအစွမ်းများထုတ်ပြကာ..….တကယ်ကြီးထင်ပေါ်ကျော်ကြားလာခဲ့သည်။

လက်ရှိတွင် ထိပ်ဆုံး(၃)နေရာသို့ဝင်ရောက်သွားသည့် ကံကောင်းသူဟွမ်ဖူကျန်ဟောက်မှာ ချန်းယွင်အင်ပါယာမှဖြစ်သည်။ နောက်ပြီး ထိပ်ဆုံး(၃)နေရာအတွက် နေရာလုကြမည့် ကျန်ပြိုင်ပွဲဝင်(၄)ဦးတွင် ပြိုင်ပွဲဝင်(၂)ဦးက ချန်းယွင်အင်ပါယာမှဖြစ်သည်။

အကယ်‌၍ လာမည့်ပွဲစဉ်များ၌ ချန်းယွင်အင်ပါယာမှသိုင်းပညာရှင် (၂)ဦးစလုံးသာ အနိုင်ရရှိခဲ့လျှင် ထိပ်ဆုံးနေရာ(၃)ခုစလုံးက  ချန်းယွင်အင်ပါယာ၏အိတ်ထောင်ထဲသို့ အလုံးစုံရောက်ရှိသွားမည်မဟုတ်ပါလား။ အကယ်၍ တစ်ပွဲနိုင်၊ တစ်ပွဲရှုံး (သို့မဟုတ်) နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့လျှင်တောင် ဒီတစ်ခေါက် ချန်းယွင်အင်ပါယာ၏အောင်မြင်မှုများက အခြားသောနိုင်ငံများထက် ထူးကဲသာလွန်နေဆဲဖြစ်ပေသည်။--- မှန်ပေသည်။ လက်ရှိတွင် ပထမအဆင့်နိုင်ငံများပင် ချန်းယွင်အင်ပါယာကိုယှဉ်နိုင်မှာမဟုတ်ပေ။

ဒါကလူတိုင်းကို အတွေးဝင်သွားစေသည်။: အဲ့ဒီချန်းယွင်အင်ပါယာက ဘယ်လိုဆန်းကြယ်တဲ့နောက်ခံကလာတာပါလိမ့်?။

သူတို့က သေချာတွေးတောကြည့်ပြီး
သတိထားမိလာသည်။ ချန်းယွင်အင်ပါယာသည် ယခင်ကတည်းက ရှေ့ရေးအတွက်ကြိုတင်ပြင်ဆင်ခဲ့၏။ သို့သော်မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ဆင်းသက်လာသည့်တိုင် ၎င်းကတတိယအဆင့်နိုင်ငံများအနက် အင်အားအကြီးဆုံးနိုင်ငံများထဲကတစ်ခုသာဖြစ်ခဲ့သည်။ သူတို့က ရံဖန်ရံခါ ဒုတိယအဆင့်နိုင်ငံများထဲမှ အားနည်းသည့်နိုင်ငံအချို့နှင့်ရင်ဘောင်တန်းနိုင်ခဲ့သော်လည်း ဒီတစ်ခေါက်လို ပထမအဆင့်နိုင်ငံများကိုပါ ဖိနှိပ်ထားနိုင်သည့်တိုးတက်မှုများရှိလာခြင်းက လူအများကို အမှန်တကယ်ကိုအံ့ဩဘနန်းဖြစ်သွားရစေသည်။ --- ဒါက မယုံကြည်နိုင်လောက်ပင်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: 5 days ago ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang