((Unicode))
အပိုင်း(၇၆)
မင်းအန်ချင်လား။💊💊💊
ကုကျိုနှင့်ကုန်းရိထျန်းဟန်သာမက ပြိုင်ပွဲရှိလူတိုင်းက ဒီလိုဖြစ်လာမယ်ဟုမမျှော်လင့်ထားကြပေ။
ဘုရင်ငယ်ချန်းယွီက အရှေ့ကိုကြောင်ကြည့်နေသည်။ ထို့နောက် သူကမနေနိုင်ဘဲလက်ခုပ်ထတီးကာ အားပါးတရရယ်လိုက်၏။
"ကောင်းလေစွ၊ ကောင်းလေစွ။ ငါတို့ချန်းယွင်အင်ပါယာကနေ နောက်ဆုံးဗိုလ်လုပွဲအထိတက်နိုင်တဲ့လူ (၃)ယောက်တောင်ရှိတယ်။ ဒါသိပ်ကောင်းတဲ့ကိစ္စပဲ။"
ချန်းယွင်အင်ပါယာမှကျန်သိုင်းပညာရှင်များမှာ မတူညီသည့်တုံ့ပြန်မှုအသီးသီးရှိလာသည်။
သွမ်းမူချင်းရုံနှင့်စစ်မာယွမ်ယိုတို့က အလွန်ထူးဆန်းဟန်အမူအရာပြကြသည်။
သို့သော်ဟဲ့လျန်အိမ်တော်မှလူများကတော့ ယခင်က ဟွမ်ဖူကျန်ဟောက် ကုန်းရိအိမ်တော််မှဆေးလုံးတစ်လုံးရရှိခဲ့သည်ကို ပြန်အမှတ်ရကြသည်။ သူ ရုတ်တရက်ဒီလောက်ကံကောင်းလာခြင်းက သူတို့ကိုယခုလိုအတွေးဝင်စေသည်။: အကယ်၍ ဒီပွဲစဉ်တွေကိုယှဉ်ပြိုင်ခဲ့တဲ့လူက ဟဲ့လျန်ရှင်းချန်သာဖြစ်ရင် ဒီလိုကံကောင်းတဲ့သူကလည်း ဟဲ့လျန်ရှင်းချန်များဖြစ်မလား။ မနာလိုတာပဲဖြစ်ဖြစ်၊ အပြစ်တင်ဝေဖန်တာပဲဖြစ်ဖြစ် ခံစားချက်များအားလုံး ရောနှောရှုပ်ထွေးသွားသည့်အခါ ပိုမို၍မလိုလားစိတ်များဖြစ်ပေါ်လာသည်။
ဟွမ်ဖူကျန့်ဟောက်က ပုံမှန်ဆိုအေးစက်၍မာနကြီးသည်။ သို့သော် ယခုတော့ သူ၏မျက်လုံးများထဲတွင် ကျေနပ်ပီတိများရှိနေသည်။
သူကအသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ မိမိ၏ ရှန်းထျန်းအဆင့်ကာကွယ်သူဘေးနားတွင် မတ်တပ်ရပ်လိုက်သည်။ သူ့ပုံက အခြားနိုင်ငံများမှ သိုင်းပညာရှင်အားလုံး၏ အပ်လိုစူးရှသည့်အကြည့်များကို သတိမထားမိသလိုပင်။
ဒါကသူ၏ကံကောင်းခြင်းဖြစ်သည်။ အကယ်၍ဖြစ်နိုင်လျှင် သူ မြန်မြန်ပြန်အားပြည့်လာဖို့ မျှော်လင့်သည်။ သူသည်လည်း ဗိုလ်လုပွဲ၌ အခြားလူများနှင့် ပွဲစဉ်များစွာယှဉ်ပြိုင်တိုက်ခိုက်ရဦးမည်။

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...