အပိုင်း(၇၄) ကြိုတင်ကာကွယ်ခြင်း။

561 79 3
                                        

((Unicode))

အပိုင်း(၇၄)
ကြိုတင်ကာကွယ်ခြင်း။

💊💊💊

အစကတော့ ကုန်းရိထျန်းဟန်အတော်လေးစိတ်ပျော်ရွှင်နေသည်။ သို့သော် ကုကျိုပြောပြသည်ကိုနားထောင်ပြီးနောက် သူ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။

[ကြည့်ရတာ ဟဲ့လျန်အိမ်တော်ရဲ့အရှက်မရှိနိုင်စွမ်းကို ကိုယ်လျှော့တွက်ထားမိတာပဲ။]

ကုကျိုကခေါင်းညိတ်ပြကာ:

[သူတို့ကအရှက်ကိုမရှိဘူး။ ဒါသက်သက်သူများအပေါ်ဒေါသပုံချနေတာ။]

ကုန်းရိထျန်းဟန်ကနောင်တရမိသလို ကုကျိုနှင့်အကြည့်ချင်းဆုံလိုက်ပြီးနောက် အသံပို့လွှတ်လာသည်။

[အာကျို၊ ကိုယ်မင်းကိုဒုက္ခခံခိုင်းမိပြီ။]

ကုကျို: ....

ဒါကမျက်စိနဲ့စိုက်ကြည့်ခံရရုံလေးကို၊ ဘယ်လိုလုပ်ဒုက္ခခံရတယ်ဖြစ်မှာလဲ အစ်ကိုကြီးရယ်။

သို့သော်စိုးရိမ်ပူပန်ပေးခံရသည့်ခံစားချက်က ‌အတော်လေးကောင်းပေသည်။

ကုန်းရိထျန်းဟန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

[လူ့စိတ်ဆိုတာတကယ်နားလည်ရခက်တယ်။ အစတုန်းက ကိုယ် မင်းကိုလူကယ်ခိုင်းတယ်ဆိုတာ အရေးပေါ်ကိစ္စတွေကို ကာကွယ်နိုင်ဖို့နဲ့ အဲ့ဒီဘုရင်ငယ်ကိုကူညီတဲ့အနေနဲ့စောင့်ကြည့်ပေးတာ......အခုဟဲ့လျန်အိမ်တော်ကလူတွေက ကျေးဇူးတင်ရကောင်းမှန်းမသိဘူးဆိုမှတော့ ဒါကိုရပ်လိုက်တော့မယ်။ သူတို့ကမင်းအပေါ် အငြှိုးထားနေတယ်။ နောက်ပိုင်းမင်းအပြင်ထွက်တဲ့အခါ ကိုယ့်ကိုကြိုပြီးပြော။ ကိုယ်တို့ပြန်သွားရင်မင်းကိုကာကွယ်ဖို့ မင်းအနားမှာ ကိုယ်ထျန်းလုံကိုယ်ရံတော်တွေပိုထားပေးမယ်။]

ဟဲ့လျန်အိမ်တော်ရဲ့အငြှိုးကိုတော့ သူကသေချာပေါက်အငြှိုးကို အငြှိုးနဲ့ပြန်ပြီးလက်တုံ့ပြန်ရမှာပေါ့။ အကယ်၍သူတို့ဘက်ကဘာမှလှုပ်ရှားမှုမရှိရင်တော့ထား၊ ဒါပေမဲ့ရှိလာခဲ့ရင်တော့.......သူကလည်းပြန်အစီအစဉ်ချပြီး ဟဲ့လျန်အိမ်တော်ကိုသေချာပေါက်အထိနာသွားစေရမယ်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang