အပိုင်း(၆၆) မသေမျိုးအဆင့်။

226 53 5
                                        

((Unicode))

အပိုင်း(၆၆)
မသေမျိုးအဆင့်။

💊💊💊

လင်းယွင်သိမ်းငှက်သည် တစ်နေ့လျှင်ကီလိုမီတာ(၅)သောင်းအကွာအဝေးပျံသန်းနိုင်ပြီး လေယာဉ်ပျံနှင့်ယှဉ်လျှင် အဆပေါင်းများစွာပိုမြန်ပေသည်။

ကုကျိုး ကုန်းရိထျန်းဟန်ဘေးတွင်ရပ်ကာ ကုန်းရိထျန်းဟန်ထုတ်လွှတ်လိုက်သည့် စစ်မှန်သောချီစွမ်းအားအကူအညီဖြင့် ဘက်ပေါင်းစုံမှရိုက်ခတ်လာသော လေပြင်းများကိုကာကွယ်လိုက်သည်။

လင်းယုန်ငှက်ကြီး၏‌ဦးခေါင်းထက်တွင် ဘုရင်ငယ်ချန်းဟယ်က လက်သီးဆုပ်နောက်ပစ်ကာ မားမားမတ်မတ်ရပ်နေသည်။ သူ့တစ်ကိုယ်လုံးက ခံညားထည်ဝါသည့်ရုပ်တုတစ်ခုအလားထင်မှတ်ရသည်။ သူကအလွန်တည်ကြည်သောကိုယ်နေဟန်ထားရှိ၍ စည်းကမ်းတင်းကြပ်မည့်ပုံပေါ်သည်။

သူ့နောက်တည့်တည့်တွင် ချန်ယွီနှင့် မင်းသမီးယောင်မင်တို့ရပ်နေသည်။ ချန်ယွီက စစ်မှန်သောချီစွမ်းအားများထုတ်ကာ သူ၏တတိယညီမကိုကာကွယ်ပေးထားသည်။

လူတိုင်း တိတ်ဆိတ်စွာမတ်တပ်ရပ်နေကြသည်။

ကုန်းရိထျန်းဟန်၏ကာကွယ်မှုအောက်တွင် အောက်ဘက်ရှိရှုမျှော်ခင်းများကို ကုကျိုစူးစမ်းကြည့်မိသည်။

လက်ရှိတွင် ရင်သက်ရှုမောဖွယ်လောကအလှများကို သူခံစားရသည်။ ခံ့ညားထည်ဝါသော တောင်စဉ်တောင်တန်းကြီးများနှင့် မြစ်ပြင်ကျယ်များက လူကိုအမှန်တကယ်အမြင်ကျယ်ဝန်းစေသည်။ ဒါကလေယာဉ်ပျံစီးရသည့်ခံစားချက်နှင့် မတူကွဲပြားသည်။ လေယာဉ်ပျံစီးသည့်အခါ အမြဲတမ်းသံထည်များခြားနေတာကြောင့် ကောင်းကင်နှင့်မြေကြီးကြားရှိ အံ့ချီးဖွယ်အလှအပများကို ယခုလို ကိုယ်တိုင်ကိုယ်ကျမခံစားနိုင်ပေ။

ကောင်းကင်‌ပေါ်တွင် သုံးရက်ဆက်တိုက်ပျံသန်းပြီးနောက် လင်းယွင်လင်းယုန်နောက်ဆုံးတော့ ပင်ပန်းနွမ်းနယ်လာသည်။ ထို့ကြောင့် သူတို့ အနီးအနားရှိတောင်ထိပ်တစ်ခုသို့ဆင်းသက်ကာ ခေတ္တအနားယူကြသည်။ တစ်ညနားပြီးနောက် လင်းယွင်လင်းယုန်လည်း ဗိုက်ဝအောင်အမဲလိုက်ပြီးဖြစ်ကာ တဖန်ပျံသန်းပြီး ခရီးဆက်ကြသည်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now