အပိုင်း(၅၉) ထောက်ပံ့သူပြန်လာပြီ။

312 63 6
                                        

((Unicode))

အပိုင်း(၅၉)
ထောက်ပံ့သူပြန်လာပြီ။

💊💊💊

ဟဲ့လျန်အိမ်တော်၊ ပင်မခန်းမဆောင်။

ဤခန်းမဆောင်ကြီးကား ပုံမှန်ဆိုတရားဝင်စီးပွားရေးကိစ္စများ ဆွေးနွေးညှိနှိုင်းရန်အတွက်ဖြစ်၏။ သို့သော်ယနေ့မှာတော့ ဤနေရာ၌ သက်လတ်ပိုင်းလူတစ်စု စုဝေးထိုင်လျက်ရှိသည်။ ဤစုဝေးပွဲအားစီစဉ်သူမှာ သံသယဖြစ်ဖွယ်မရှိ ဂုဏ်သိက္ခာကြီးမားသူတစ်ဦးဖြစ်၏။ သို့သော်မမျှော်လင့်ဘဲ သူ့နားတွင်ထိုင်နေကြသူများကလည်း သူနှင့်တန်းတူရာထူးဂုဏ်သိမ်ရှိကြသူများဖြစ်ပုံရကာ အိမ်ရှင်အားနည်းနည်းမှရိုသေကျိုးနွံခြင်းမရှိကြပေ။

လက်ဖက်ရည်တစ်ခွက်သောက်ပြီးသွားတော့ သက်လတ်ပိုင်းအရွယ်မျက်နှာရှည်ရှည်လူတစ်ယောက်က စတင်စကားပြောလာသည်။

"ဟဲ့လျန်အဘိုးကြီး၊ မင်းငါတို့ကိုလာဖို့ဖိတ်လိုက်တာ ဒီမှာမင်းလက်ဖက်ရည်သောက်တာထိုင်ကြည့်ဖို့တော့မဟုတ်ပါဘူးနော်။"

ဟဲ့လျန်အိမ်တော်ခေါင်းဆောင်က အနည်းငယ်မရွှင်မပျဖြစ်နေ၏။ သို့သော်သူကပြောလိုက်သည်။

"စစ်မာအဘိုးကြီး၊ မင်းဘာတွေလောနေတာလဲ။ ငါမင်းတို့ကိုဖိတ်လိုက်တာ သေချာပေါက် အရေးတကြီးဆွေးနွေးစရာရှိလို့ပေါ့။"

ကျန်လူနှစ်ဦးကပြောလိုက်သည်။

"ဟဲ့လျန်အိမ်တော်သခင်၊ ဘာကိစ္စရှိလဲ တည့်သာပြောလိုက်ပါ။"

"အမှန်ပဲ! ဒီမှာဝေ့လည်ကြောင်ပတ်တွေလုပ်မနေပါနဲ့တော့။"

အမှန်က ယနေ့တွင် ဟဲ့လျန်အိမ်တော်ခေါင်းဆောင်ဘက်မှစ၍ စစ်မာအိမ်တော်၊ ဟွမ်ဖူအိမ်တော်နှင့်သွမ်းမူအိမ်တော်မှ အိမ်တော်ခေါင်းဆောင်များကို ဆွေးနွေးညှိနှိုင်းဖို့‌ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး ကုန်းရိအိမ်တော်တစ်ခုတည်းသာ ဖိတ်ခေါ်ခြင်းမခံရတာဖြစ်သည်။

ဤအခြေအနေကိုကြည့်ခြင်းအားဖြင့် အခြားအိမ်တော်ခေါင်းဆောင်(၃)ဦးမှာလည်း ကောက်ကျစ်သောမြေခွေးအိုကြီးများဖြစ်သည့်အလျောက် ပြောစရာပင်မလိုအောင် အတပ်သိလိုက်သည်။ ဤကဲ့သို့လျို့ဝှက်တွေ့ဆုံမှုက သေချာပေါက်ကုန်းရိအိမ်တော်နှင့်ပတ်သက်နေမှန်း အရူးအနှမ်းတစ်ယောက်ပင်သိမြင်နိုင်ပေသည်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now