အပိုင်း(၆၁) ဆေးလုံးအရောင်းပြပွဲ

316 63 6
                                        

((Unicode))

အပိုင်း(၆၁)
ဆေးလုံးအရောင်းပြပွဲ

💊💊💊

ရက်ပေါင်းများစွာကြာပြီးနောက် ကုကျိုနှင့်ကုန်းရိထျန်းဟန်တို့ အလွန်အလုပ်များလျက်ရှိသည်။

ပထမဦးဆုံး ကုကျိုအကြောင်းကိုအရင်ပြောရပေမည်။ သူချခဲ့သည့်ဆုံးဖြတ်ချက်က အပြောသက်သက်မဟုတ်ပေ။ ဥပမာ သူ၏သွေးဖြည့်ဆေးလုံးဖြစ်သည်။ အမှန်တော့ မရေမတွက်နိုင်သောဆေးအညွှန်းများအနက် အာနိသင်ဆင်တူသည်ဆေးလုံးတစ်မျိုးကိုသူရှာတွေ့ခဲ့သည်။ ၎င်းကို "နှင်းဂျင်ဆင်း"ဆေးလုံးဟုခေါ်သည်။

ဆေးလုံး၏အဓိကဆေးအမယ်က နှစ်တစ်ရာဂျင်ဆင်းဖြစ်သည်။ ၎င်းကဤကမ္ဘာပေါ်တွင် သာမန်တွေ့နေကျဆေးအမယ်တစ်မျိုးဟုယူဆနိုင်သည်။ အခြားသောအဖိုးတန်ဆေးအမယ်အချို့နှင့်ပေါင်းစပ်လိုက်သည့်အခါ ၎င်းကလူတစ်ယောက်ကို မိနစ်အနည်းငယ်အတွင်း သွေးအားအမြန်ပြည့်ဝ၍ သွေးနှင့်ချီကိုပြန်လည်ဖြည့်တင်းပေးနိုင်သည်။

ထို့နောက် ကုန်းရိထျန်းဟန်အကြောင်းဖြစ်၏။ သူက ကိုင်တွယ်စရာကိစ္စများပို၍ပင်များပြားသည်။ ဥပမာ၊ သူကထျန်းလုံတပ်ဖွဲ့များကိုစေလွှတ်၍ နုပျိုဆေးလုံးအတွက် ဆေးဝါးအမယ်များဝယ်ယူစေခဲ့သည်။ သူကဆေးအမယ်များကို ရုပ်ပြပုံဆွဲကာ မှောင်ခိုဈေးကွက်တွင်လည်းရှာဖွေစေသည်။ ထို့အပြင် ရှန်းထျန်းဆေးလုံးအတွက်လိုအပ်သည့် ဤတိုက်ကြီးပေါ်တွင်ကြားတောင်မကြားဖူးသော ဆေးအမယ်များစွာကိုလည်း ရှာဖွေစေခဲ့သည်။ ဒါတင်မက သူက အနိမ့်စားအသက်ဓာတ်ငါးပါးဆေးလုံးများအတွက် အရောင်းပြပွဲတစ်ခုဖွင့်လှစ်ရန်လည်းစီစဉ်ထားသည်။ သို့သော်အရောင်းပြပွဲမတိုင်ခင် ပြင်ဆင်မှုများစွာပြုလုပ်ရန်လိုအပ်နေသေးသည်။

ဒီနေ့မှာတော့ ကုကျိုက နှင်းဂျင်ဆင်းဆေးလုံးများပါသော ကြီးမားသည့်ဗူးသီးခြောက်အိုးနှစ်လုံးကိုသယ်ကာ စာကြည့်ခန်းထဲသွား၍ ကုန်းရိထျန်းဟန်အားပေးရန် လျို့ဝှက်ခန်းထဲမှထွက်လာသည်။

ထိုအချိန်၌ ကုန်းရိထျန်းဟန်က အရေးကြီးကိစ္စတစ်ခုနှင့်ပတ်သက်၍ လုံရိ၏တင်ပြချက်ကိုနားထောင်နေသည်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now