အပိုင်း(၅၄) စမ်းသပ်မှုပြီးဆုံးခြင်း။

346 52 5
                                        

((Unicode))

အပိုင်း(၅၄)
စမ်းသပ်မှုပြီးဆုံးခြင်း။

💊💊💊

ဟဲ့လျန်အိမ်တော်ခေါင်းဆောင်အလန့်တကြားဖြစ်လျက် ချက်ချင်းမတ်တပ်အမြန်ရပ်လိုက်သည်။ ပြီးနောက် သူကဟဲ့လျန်ရှင်းချန်၏နောက်ကျောအား လက်တစ်ဖက်ရိုက်၍ မိမိရှန်းထျန်းချီစွမ်းအားများကို ဟဲ့လျန်ရှင်းချန်ထံသို့ပို့လွှတ်လိုက်သည်။ ထို့နောက် အိမ်တော်ခေါင်းဆောင်က ဟဲ့လျန်ရှင်းချန်၏ဖောက်ပြန်နေသောသွေးနှင့်ချီစွမ်းအားများကိုဖိနှိပ်ကာ ချီဖောက်ပြန်ခြင်းအန္တရာယ်မှ ချက်ချင်းကာကွယ်ပေးလိုက်သည်။

ဤကဲ့သို့အပြင်းအထန်ကာကွယ်မှုအောက်တွင် ဟဲ့လျန်ရှင်းချန်၏အကြည့်ရဆိုးလှသောအခြေအနေက တစ်မျိုးတစ်ဖုံပြန်လည်သက်သာလာသည်။ ဒီတစ်ခါတော့ဟဲ့လျန်ရှင်းချန်တစ်ယောက် မျက်လုံးများတင်းနေအောင်မှိတ်ကာ အခြားသူများတိုက်ခိုက်နေသည်ကိုပင် အကြာကြီးမကြည့်ဝံ့တော့ချေ။

အခြားမျိုးနွယ်စုအိမ်တော်များမှ လူငယ်သူရဲကောင်းအားလုံး၏မျက်နှာများပေါ်၌ ထူးဆန်းသည့်အမူအယာဖြစ်သွားသည်။

ဒီဟဲ့လျန်ရှင်းချန်က အဲ့သည်လောက်တောင်ဒေါသထွက်သွားရသလား။

သူတို့သည် ဟဲ့လျန်ရှင်းချန်နှင့်အခြားသခင်လေး(၄)ဦးထက် နှစ်ပိုင်းအနည်းငယ်ပိုမိုငယ်ရွယ်သည့်တိုင် လူငယ်မျိုးဆက်တစ်ဆက်၏အစိတ်အပိုင်းတစ်ခုဖြစ်ကြသည့်အလျောက် ရဲရင့်ထက်မြက်၍အားမာန်ပြည့်ဝသော နောင်လာမည့်လူငယ်မျိုးဆက်သစ်လေးများဖြစ်ကြသည်။ သူတို့က ဟဲ့လျန်ရှင်းချန်တစ်ယောက် ဤကဲ့သို့သွေးပွက်ပွက်အန်ရလောက်အောင်ဒေါသထွက်ရသည့်အဖြစ်ကိုသိပ်နားမလည်နိုင်ဘဲရှိကြသည်။ သို့သော်ဆန့်ကျင်ဘက်အားဖြင့် များစွာသောမျိုးနွယ်စုအိမ်တော်ခေါင်းဆောင်နှင့် အကြီးအကဲများအတွက် ဤကိစ္စကအလွန်သိသာမြင်သာရှိလှသည်။ ဤသည်မှာဟဲ့လျန်ရှင်းချန်၏စိတ်ဓာတ်ရေးရာ ခဏတာပျက်ပြားသွားခြင်းဖြစ်ကာ မနာလိုမရှုဆိတ်ရာမှစိတ်ဖောက်ပြန်ခြင်းဘက်သို့ဦးတည်သွားခြင်းဖြစ်သည်။ အကယ်၍နောက်ပိုင်း၌ သူ့အားစိတ်ခံစားချက်များထိန်းညှိနိုင်ရန် မှန်ကန်စွာတည့်မတ်သင်ကြားပြသပေးပါက သူ၏စိတ်ဓာတ်နှင့်စိတ်နေစိတ်ထားတို့ပြန်လည်ကောင်းမွန်လာဖို့အခွင့်အရေးရှိပေ သည်။ သို့သော်ထိုသို့မလုပ်နိုင်ခဲ့ပါမူ သူ့အားစွန့်ပစ်ဖယ်ရှားလိုက်ဖို့သာရှိတော့သည်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now