အပိုင်း(၇၂) မသေမျိုးအဆင့်ကြားသံသယ။

142 33 3
                                        

((Unicode))

အပိုင်း(၇၂)
မသေမျိုးအဆင့်ကြားသံသယ။

💊💊💊

ဤမြင်ကွင်းကို ကျောက်တုံးကြီးပေါ်တွင် မတ်တပ်ရပ်နေသည့်မသေမျိုးအဆင့်သိုင်းပညာရှင်(၃)ဦးလည်း သတိထားမိသွားသည်။

သူတို့(၃)ဦးအနက် အမျိုးသမီးသိုင်းပညာရှင်၏ လှပသောမျက်ခုံးများမျက်မှောင်ကြုတ်သွားသည်။ ထို့နောက်သူ(မ)က ချယ်ရီရောင်နှုတ်ခမ်းများကိုဖွင့်ဟကာမေးလိုက်သည်။

"ဒါကဘယ်လိုဖြစ်တာလဲ။"

သူ(မ)ဘယ်ဘက်ရှိလူက သူ(မ)လိုပဲမျက်မှောင်ကြုတ်ကာ ရှေ့သို့လှမ်းကြည့်လိုက်ပြီးနောက် သူ(မ)ဘက်လှည့်ပြောလိုက်သည်။

"ကြည့်ရတာပစ္စည်းတစ်ခုခုကြောင့် အံ့အားသင့်ကုန်ကြတာဖြစ်မယ်။ အားလုံးကဝမ်းနည်းပက်လက်ဆွေးနွေးနေကြတယ်။"

ညာဘက်ရှိလူက အခြေအနေကိုသေချာအကဲခတ်ပြီးနောက် မျက်နှာလိုမျက်နှာရလုပ်ကာပြောလိုက်သည်။

"ဂိုဏ်းတူညီမလေး၊ လူလွှတ်ပြီးစုံစမ်းကြည့်ကြမလား။"

အမျိုးသမီးကခဏစဉ်းစားပြီးနောက် လှပစွာခေါင်းအသာညိတ်လိုက်ကာ:

"ဒါဖြင့် ဂိုဏ်းတူအစ်ကိုလျိုကို အလုပ်ရှုပ်မိပြီ။"

ညာဘက်ရှိသိုင်းပညာရှင်က အကျယ်ကြီးရယ်မောကာ:

"ဒါကဘာအလုပ်ရှုပ်စရာရှိလဲ၊ အင်ပါယာနိုင်ငံကြီး(၃)ခုကလူတွေကိုသွားကြည့်ခိုင်းလိုက်ရင်ရပြီ။"

ဘယ်ဘက်ရှိသိုင်းပညာရှင်လည်း အားကျမခံ:

"ဂိုဏ်းတူညီမလေး၊ ချင်ယွဲ့အင်ပါယာမှာ စကားနားထောင်တဲ့အငယ်လေး‌တချို့ရှိတယ်။ သူတို့ကိုပဲသွားခိုင်းလိုက်ပါလား။ လုပ်ရကိုင်ရလည်းအဆင်ပြေတယ်။"

ထိုအခါညာဘက်ရှိသိုင်းပညာရှင်က မျက်ခုံးတစ်ဖက်ပင့်ကာ:

"ဂိုဏ်းတူညီလေး၊ မင်းကချင်းယွဲ့အင်ပါယာအကြောင်းသိလှချည်လား။ သူတို့နဲ့တိတ်တိတ်ခိုးပြီး ဘာသဘောတူညီချက်တွေများရှိနေလို့လဲ။ မင်းဂိုဏ်းရဲ့စည်းမျဥ်းစည်းကမ်းတွေကို လုံးဝမချိုးဖောက်တာကောင်းလိမ့်မယ်။"

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now