((Unicode))
အပိုင်း(၅၅)
ခဲလေသမျှသဲရေကျ💊💊💊
ဆေးပုလဲလုံးများဆိုတာ မိုးပေါ်မှဒီအတိုင်းကျလာသည့်အမျိုးမဟုတ်ပေ။ ကံဆိုးချင်တော့ ချီဖုန်းတစ်ယောက် ချီထျန်းရုံ၏ဆေးပုလဲလုံးများကိုဖောက်ထုတ်ခဲ့စဥ်က ထိုဆေးပုလဲလုံးများကိုပြီးစလွယ်လွှင့်ပစ်ခဲ့လေသည်။ အခုတော့ သူဆေးပုလဲလုံးများကိုရှာချင်ရင်တောင် ရှာတွေ့ဖို့အလွန်ခက်ခဲနေသည်။
ဆေးပုလဲလုံးများကိုအစားထိုးလိုပါက ဆေးဆရာအသစ်တစ်ယောက်ရှာဖွေ၍ ထိုသူ၏လက်မှဆေးပုလဲလုံးများကိုနှိုက်ထုတ်ယူရတော့မည်ဖြစ်သည်။
သို့သော် အရည်အချင်းပြည့်မီသည့်ဆေးဆရာထံမှ ဆေးပုလဲလုံးများကိုနှိုက်ထုတ်ဖို့မဆိုထားနှင့် ထိုသို့အရည်အချင်းရှိဆေးဆရာများကို အလိုရှိတိုင်းရှာတွေ့နိုင်ဖို့ပင်မလွယ်ကူပေ။ ချီမိသားစုကလည်း အဲ့သည်လောက်အထိလုပ်ဖို့သတ္တိမရှိပေ။ သို့နှင့်သူတို့က အရည်အချင်းမပြည့်မီသေးသူ၊ မထင်မရှားဆေးဆရာလေးတစ်ယောက်ကို လိုက်လံရှာဖွေကြတော့သည်။
ဤသို့ဖြင့်ကြိုးစားပမ်းစားရှာဖွေခဲ့ပြီးနောက် တောထဲတောင်ထဲမှဆင်းလာပုံရသူတစ်ဦးကို သူတို့ရှာတွေ့ခဲ့သည်။ ထိုဆေးဆရာလေးက လူအများနှင့်မဆုံဖြစ်တာအလွန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့နှင့်အယုံစားလွယ်သည့်ဆေးဆရာလေးခမျာ လုံးဝလှည့်စားခံလိုက်ရသည်။
ဒါဆိုဆေးဆရာလေးက ဖမ်းပြီးပိတ်လှောင်ခံရတာပေါ့?။
ဒီနေရာအထိဖတ်မိတော့ ကုကျိုးမျက်မှောင်ကြုတ်သွားသည်။
နောက်ဆုံးကျတော့ ဒီကိစ္စက သူ့ကိုကူညီဖို့သက်သက်ဖြစ်သည်။ အကယ်၍အခြားမသက်ဆိုင်သူများကိုထိခိုက်စေခဲ့လျှင် ကုကျိုးကိုယ်တိုင်လည်းအပြစ်ရှိသလိုခံစားရပေလိမ့်မည်။
သို့သော် သူ့အစ်ကိုကြီး၏လုပ်ရည်ကိုင်ရည်ကို ကုကျိုးအခိုင်အမာယုံကြည်သည်။
အဲ့လိုမဟုတ်လောက်ပါဘူးနော်........
ထင်သည့်အတိုင်း နောက်ပိုင်းဖြစ်ပျက်သွားသည်များကို ဆက်လက်ဖော်ပြထားသည်။

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...