((Unicode))
အပိုင်း(၅၇)
အငြင်းပွားခြင်း။💊💊💊
ဤဆေးလုံးများအတွက်လိုအပ်သောအမယ်များကိုရှာဖွေရသည့်အကြောင်းရင်းတစ်ရပ် ကုကျိုတွင်သေချာပေါက်ရှိပေသည်။
သူသည် ကုန်းရိထျန်းဟန်နှင့်ဆိုးတူကောင်းဖက်အတူတကွ မျှဝေခံစားသည့်ဆက်ဆံရေးမျိုးရှိ၏။ သူက မည်သည့်ဆေးဝါးအမယ်များကိုသန့်စင်သန့်စင်၊ ဆေးဖက်ဝင်ချီစွမ်းအင်အမျှင်များကိုရရှိပေလိမ့်မည်။ ထို့ကြောင့် ဆေးလုံးအသစ်များကို စမ်းသပ်သန့်စင်ကြည့်ချင်လျှင်တောင် ကုန်းရိထျန်းဟန်အတွက် အသုံးအဝင်ဆုံးဖြစ်မည့်ဆေးလုံးများကိုသာ သူရွေးချယ်သန့်စင်ဖြစ်ခဲ့သည်။
ဦးစွာပထမ နုပျိုဆေးလုံးဆိုသည့်အမည်က အလွန်ထူးဆန်းသည်။....... နုပျိုခြင်းဆိုတာ---- အိုမင်းရင့်ရော်မှုကိုရပ်တန့်ပေးတာများလား။ ဤသို့စူးစမ်းချင်စိတ်ကြောင့် ဆေးလုံးဖော်စပ်မှုအညွှန်းကို သူဖတ်ရှုကြည့်ခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့် သူ နောက်ဆုံးမှာသဘောပေါက်သွားသည်။ ဒါက ဒီကမ္ဘာကြီး၏အလှအပရေးရာအတွက်ဖြစ်သည်။
လက်ရှိတွင် သိုင်းပညာရှင်များသည် အိုမင်းရင့်ရော်မှုအလွန်နှေးကွေးကြသည်။ သို့သောရှန်းထျန်းအဆင့်နှင့်အောက် သိုင်းပညာရှင်များကတော့ အသက်(၄၀)ကျော်သည်နှင့် သိသိသာသာပြောင်းလဲလာကြသည်။ အမျိုးသားများတွင် သိပ်မသိသာဘူးဟုဆိုနိုင်သော်လည်း အမျိုးသမီးများအတွက်တော့ ဒါကပြဿနာကြီးတစ်ရပ်ဖြစ်သည်။
မျက်မှောက်ခေတ်ကာလတွင် ဆေးဆိုင်တစ်ဆိုင်၌အလုပ်သင်အဖြစ်လုပ်ကိုင်ခဲ့တုန်းက အမျိုးသမီးများသည် ဝက်ခြံသက်သာစေဖို့ ဒါမှမဟုတ် အသားအရေကောင်းမွန်စေဖို့အတွက် တရုတ်ရိုးရာဆေးဝါးများလာရောက်ဝယ်ယူကြသည်ကို ကုကျိုမြင်ဖူးသည်။ အပြင်ပန်းရုပ်ရည်အတွက် အလှအပရေးရာပစ္စည်းများစွာထွက်ပေါ်နေတာကြောင့် နုပျိုမှုနှင့်အလှအပရေးရာလိုက်စားခြင်းက အမျိုးသမီးများအတွက် အကန့်အသတ်မရှိမှန်း ရှင်းလင်းစွာမြင်နိုင်သည်။

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...