အပိုင်း(၆၂) ကြီးမားသည့်အာနိသင်။

270 56 3
                                        

((Unicode))

အပိုင်း(၆၂)
ကြီးမားသည့်အာနိသင်။

💊💊💊

နှင်းဂျင်ဆင်းဆေးလုံးများ အဆင်ပြေချောမွေ့စွာရောင်းချနေရတာမြင်တော့ လူငယ်တာဝန်ခံ၏မျက်နှာ ပြုံးရွှင်လို့သွားသည်။ သို့သော် သူကဂရုတစိုက်ဖြင့် နောက်ထပ်မိန်းမပျိုလေးတစ်ဦးကိုင်ထားသည့်ဗန်းပေါ်က အနီရောင်ပဝါစကိုဖယ်ရှားလိုက်သည်။

ဗန်းပေါ်ရှိကျောက်စိမ်းပုလင်းက မိုးပြာရောင်ဖြစ်သည်။ အထဲတွင် လုံးဝန်းပြည့်ဝသည့်ဆေးလုံးတစ်လုံးရှိ‌၏။ သို့သော်ထိုဆေးလုံး၏အရောင်အသွေးက သာမန်အညိုရောင်ဆေးလုံးတစ်လုံးထက်မပိုပေ။ အံ့ဩလောက်စရာမရှိသော ၎င်း၏ရိုးရိုးသာမန်အသွင်အပြင်က ကြည့်ရှုသူများကိုအနည်းငယ်စိတ်ပျက်သွားစေသည်။

သို့သော်များစွာသောဧည့်သည်တော်များက စိတ်ထဲတွင် ရှင်းလင်းစွာနားလည်သဘောပေါက်ကြသည်ကား အကယ်၍ဒီပစ္စည်းကသာမကောင်းခဲ့လျှင် ကုန်းရိအိမ်တော်၏ လာဘ်မြင်တတ်သူသခင်လေးက ဒီဆေးလုံးကိုကြော်ငြာဖို့ တခမ်းတနားကြေညာမောင်းခတ်ခဲ့မှာမဟုတ်ဘူးဆိုတာပင်။

အတွေ့အကြုံရှိ၍ သဘောတရားနားလည်သူ ဧည်သည့်‌တော်တစ်ယောက်ချင်းစီတိုင်း သိထားပြီးဖြစ်သည်။ ကုန်းရိသခင်လေးသည် ယခင်နာမကျန်းအားနည်းသည့်အချိန်ကတည်းက အကျိုးအမြတ်မရှိလျှင် လက်လေးတစ်ချောင်းပင် မမြှောက်တတ်သူလူစားမျိုးဖြစ်၏။ ထိုမျှသာမက သူတာဝန်ယူဦးစီးသည့် စီးပွားရေးလုပ်ငန်းများကလည်း ဘယ်တုန်းကမှအရှုံးပေါ်ခြင်းမရှိခဲ့သလို ထုတ်လုပ်လိုက်သည့်ကုန်ပစ္စည်းများကလည်း ဝယ်ယူများအားစိတ်တိုင်းမကျစေခဲ့တာမျိုးလုံးဝမရှိပေ။

ရလဒ်အနေဖြင့် သူတို့က ဒီဆေးလုံး၏အသွင်အပြင်ကိုမြင်ရုံနှင့် စိတ်ပျက်အားလျော့သွားခြင်းမရှိကြပေ။

သေချာပေါက်ပင် လူငယ်တာဝန်ခံလေးက ဆေးလုံးကိုတည်ငြိမ်စွာအသာကောက်ယူကာ:

"အားလုံးပဲ၊ ကျေးဇူးပြုပြီး သေချာစစ်ဆေးကြည့်ပါ။"

သူကပြောရင်း ဆေးလုံးအားဖြည်းညင်းစွာ တစ်ပတ်လှည့်ပြလိုက်သည်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now