((Unicode))
အပိုင်း(၆၇)
ခိုးကြောင်ခိုးဝှက်။💊💊💊
မသေမျိုးကျင့်ကြံသူများက စကားပြောပြီးနောက် ဦးစွာအရက်ခွက်ကိုင်မြှောက်၍ တစ်ချိုက်မော့ကာ စားသောက်ပွဲကိုတရားဝင်စတင်ဖွင့်လှစ်လိုက်သည်။ ထို့နောက်လူတိုင်းစတင်စားသောက်လိုက်ကြသည်။
လက်ရှိတွင် နိုင်ငံများစွာမှပါရမီရှင်များက တစ်ဦးနှင့်တစ်ဦးသတိထားနေကြသည်။ သို့သော် သူတို့က အပေါ်ယံမှာတော့အချင်းချင်းမဆိုင်းမတွမိတ်ဆက်ကာ အမျှော်အမြင်ရှိစွာ သတင်းအချက်အလက်များစုံစမ်းလိုက်ကြသည်။
ပြိုင်ပွဲထဲတွင် လူတိုင်းက သေချာပေါက်ရန်သူဖြစ်သည်။ သို့သော်ပုံမှန်အချိန်မှာတော့ တတိယအဆင့်နိုင်ငံများကြား၌ ဆက်ဆံရေးကောင်းမွန်သည်ဟုဆိုနိုင်မည်။ နောက်ပြီးတူညီသောကုန်းမြေတိုက်ကြီးမှ နိုင်ငံများက အချင်းချင်းပို၍ဆက်ဆံရေးကောင်းကြသည်။
ယေဘုယျအားဖြင့် အားနည်းသူများက အုပ်စုဖွဲ့ရန်ပိုပြီးလိုအပ်သည်။ အနည်းဆုံးတော့ သူစိမ်းရန်သူနှင့်ရင်ဆိုင်ရသည့်အခါ အချင်းချင်းအလိုက်အထိုက် သဘောထားညီညွတ်စွာပေါင်းစည်းနိုင်ပေသည်။
ရလဒ်အနေဖြင့် ချန်းယွင်အင်ပါယာတွင် စကားတစ်ခွန်းနှစ်ခွန်းသာပြောတတ်သူ ဘုရင်ငယ်ချန်းဟယ်သည်ပင် ယခုအချိန်၌ ဟိတ်ဟန်မထားနိုင်တော့ဘဲ အဆင့်တူတတိယအဆင့်နိုင်ငံများမှ လာရောက်မိတ်ဖွဲ့သည့်အခါ ပြုံးရွှင်ရယ်မောကာလက်ခံစကားပြောနေသည်။----- သေချာပေါက်ဒုတိယအဆင့်နိုင်ငံများကတော့ မိမိတို့အဆင့်အတန်းအရ လာရောက်မိတ်ဖွဲ့ခြင်းမပြုကြပေ။
ချန်ယွင်အင်ပါယာ၏မျက်လုံးထဲတွင် ဒုတိယအဆင့်၏အင်အားအနည်းဆုံးနိုင်ငံသည်ပင်လျှင် အထင်သေးလို့မရသည့်နိုင်ငံဖြစ်သည်။
ဤကဲ့သို့သံခင်းတမန်ခင်းဆက်သွယ်ရေးမျိုးကို လူငယ်သိုင်းပညာရှင်များက စိတ်ထဲမထားပေ။
ကုကျိုကလည်းဗိုက်ဆာဆာနှင့် သူ့ပန်းကန်ထဲကအစားအသောက်များကို တိတ်ဆိတ်စွာစားနေသည်။ အမှန်တော့ သူက အစောကြီးကတည်းက စိတ်စွမ်းအားထုတ်လွှတ်ကာ သူ့အစ်ကိုကြီးပြောပြသည့် လက်ရှိအခြေအနေများကို အားတက်သရောနားထောင်နေသည်။

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...