((Zawgyi))
အပိုင်း (၅၀)
ပါးဖြတ်ရိုက်ခြင်း💊💊💊
အနားသို့ချဉ်းကပ်လာသူက ချောမောခံ့ညား၍အရပ်ရှည်ရှည်လူကောင်ကြီးကြီးဖြစ်၏။ ထိုသူ၏ဟန်ပန်မှာကြီးကျယ်မြင့်မြတ်သူအသွင်ဆောင်၏။ ထိုသူသည် အဝေးမှလျှောက်လှမ်းလာသည့်တိုင် စွမ်းအင်ပြည့်ဝသောကိုယ်ရောင်ကိုယ်ဝါကိုတော့အလွယ်တကူခံစားသိနိုင်သည်။
ထိုသူမှာခွန်အားအင်မတန်ကြီးမားကြောင်းကောင်းစွာခန့်မှန်းနိုင်သည်။
ထိုသူသည်အရှည်မီတာ(၃၀၀)ထက်မနည်း အနှိုင်းမဲ့ကြီးမားသည့်ဧရာမလင်းယုန်ကြီးတစ်ကောင်အားစီးနင်းလာသည်။ ဧရာမလင်းယုန်ငှက်ကြီးမှာအတောင်စုံနှစ်ဖက်ဖြန့်ပျံသန်းလာလျက် မြေပြင်ပေါ်အရိပ်မည်းကြီးတစ်ခုထင်ဟပ်စေသည်။ ၎င်း၏အမွှေးအတောင်များကသံမဏိဓားသွားများနှင့်တူပြီး ၎င်းထံမှထွက်ပေါ်လာသောသိပ်သည်းကြီးမားသည့်စွမ်းအားကကောင်းကင်နှင့်မြေကြီးကိုလွှမ်းခြုံဖိနှိပ်သွား၏။
ဧရာမလင်းယုန်ကြီးမှာအရှိန်အဟုန်အလွန်လျင်မြန်သည်။ ၎င်းကမျက်စိတစ်မှိတ်အတွင်း သူတို့အားလုံးအထက်လေထုထဲ၌ဘွားခနဲပေါ်လာကာ မလှုပ်မယှက်ရပ်တန့်သွားသည်။
ဧရာမလင်းယုန်ကြီးပေါ်ထွက်လာပြီးနောက် မျိုးနွယ်စုများ၏သားရိုင်းသတ္တဝါငါးကောင်မှာကိုယ့်နေရာကိုယ်သိသွားသည့်နှယ် ယခင်လိုအုတ်အော်သောင်းနင်းမဆူညံဝံ့တော့ပေ။
အကြောင်းကားဤဧရာမလင်းယုန်ကြီးသည်အဆင့်(၇)သားရိုင်းသတ္တဝါဖြစ်သောကြောင့်ပင်။
ထို့အပြင်၎င်းသည်ချန်ယွင်အင်ပါယာတစ်ခုလုံး၌တစ်ကောင်တည်းသာရှိသော အဆင့်(၇)သားရိုင်းသတ္တဝါဖြစ်ကာ ရှန်းထျန်း-ချီစွမ်းအင်စုဆောင်းခြင်းအဆင့်စွမ်းအားရှင်တစ်ဦးနှင့်ခွန်အားချင်းညီမျှသည်။
ချီသွေးကြောမျိုးရိုးအရဖြစ်စေ၊ အဆင့်အတန်းအရဖြစ်စေ၊ သို့တည်းမဟုတ် အသိဉာဏ်အရဖြစ်စေ၊ ဤသို့သောလင်းယွင်မျိုးစိတ်လင်းယုန်များမှာ အခြားသားရိုင်းသတ္တဝါများအားအလွယ်လေးနင်းချေပစ်နိုင်သည်။ ထို့မျှသာမကသားရိုင်းသတ္တဝါများ၏အဆင့်အတန်းကသိုင်းပညာရှင်များနှင့်ဆင်တူသော်လည်း သက်တမ်းအရခွန်အားတူသိုင်းပညာရှင်များနှင့်မယှဉ်သာအောင်အပြတ်အသတ်ကွာခြားနေသည်။

YOU ARE READING
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Romanceကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...