((Unicode))
အပိုင်း(၆၄)
ငွေအလုံးအရင်းဝင်ခြင်း။💊💊💊
ကုကျိုမှာ ဆယ်ကျော်သက်လေးတစ်ယောက်သာဖြစ်သည်။ သူ၏အကြီးမားဆုံးဆန္ဒက မျက်မှောက်ခေတ်ကာလသို့ပြန်၍ သူ၏ဖခင်ကိုကြည့်ရှုစောင့်ရှောက်ရန်ဖြစ်သည်။ သူမှာ ဘာရည်မှန်းချက်ကြီးကြီးမားမားမှမရှိပေ။ သို့သော်ယခုကုန်းရိထျန်းဟန်၏စကားများကိုကြားတော့ သူ့စိတ်ထဲ လှိုင်းတံပိုးများတစ်ဟုန်ထိုးရိုက်ခတ်လာသည်။
လူတစ်ယောက်၏ဂုဏ်သိက္ခာကျဆင်းခြင်းက တစ်မိသားစုလုံးပျက်ကိန်းဆိုက်တာနှင့်အတူတူပင်။ သူသရုပ်မှန်ငှားရမ်းအသုံးပြုနေရသောလူသည်(ချီထျန်းရုံ)သည် ချန်ယွင်အင်ပါယာ၏နိုင်ငံသားတစ်ဦးဖြစ်သည်။ သူ့အနေဖြင့် ချန်ယွင်အင်ပါယာကိုအမိနိုင်ငံအဖြစ်သက်ဆိုင်သည်ဟုမခံစားရပေ။ သို့သော် ဘယ်အချိန်ကျမှမျက်မှောက်ခေတ်သို့ပြန်နိုင်မလဲဆိုတာမသိနိုင်မှန်း သူကိုယ်တိုင်လည်းသဘောပေါက်ပေသည်။ ထို့ကြောင့် ချန်ယွင်အင်ပါယာကြီးပိုမိုအင်အားကြီးမားလာလျှင် သူ့အတွက်အကျိုးကျေးဇူးပိုများပေလိမ့်မည်။
ဒီလိုဆိုမှတော့ ကုန်းရိထျန်းဟန်၏စကားကို သူသေချာပေါက်နားထောင်မည်ဖြစ်သည်။
တစ်ခုရှိသည်က......
ကုကျိုမျက်နှာလေးညှိုးသွားကာ:
"အစ်ကိုကြီး၊ သိုင်းပညာရှင်တွေကိုထောက်ပံ့ပေးဖို့လိုအပ်တဲ့ အသက်ဓာတ်ငါးပါးဆေးလုံးက ပမာဏဒီလောက်များတာ၊ အားလုံးကျွန်တော့်ကိုသန့်စင်ခိုင်းမှာလား....."
အဲ့ဒါကမဖြစ်နိုင်တာတော့မဟုတ်။ သို့သော်အချိန်တိုတိုနှင့်ခရီးတွင်နိုင်ချေ သိပ်မများပေ။ ထို့အပြင် သူက သူ့အစ်ကိုကြီး၏ကျန်းမာရေးကို ပြုစုစောင့်ရှောက်ရန် လိုအပ်သည့်ဆေးလုံးအမျိုးအစားများစွာ သန့်စင်ဖော်စပ်ဖို့လည်းရှိသေးသည်။ သေချာပေါက်သူ့အချိန်အားလုံးကို အသက်ဓာတ်ငါးပါးဆေးလုံးတွေ သန့်စင်ဖို့ချည်းသုံးပစ်ရမှာသိပ်မကိုက်လှပေ။
ကုန်းရိထျန်းဟန်က မနေနိုင်ဘဲရယ်ကာ:
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

STAI LEGGENDO
မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]
Storie d'amoreကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...