အပိုင်း(၆၃) နိုင်ငံတစ်ရာသိုင်းပြိုင်ပွဲ။

326 63 4
                                        

((Unicode))

အပိုင်း(၆၃)
နိုင်ငံတစ်ရာသိုင်းပြိုင်ပွဲ။

💊💊💊

"ဘာ?"

"ဒါကချီစွမ်းအင်ကို တကယ်တိုးချဲ့ပေးနိုင်တာလား။"

"အကယ်၍ဒါသာတကယ်ဆို ငါတို့လိုသိုင်းပညာရှင်တွေအတွက်သိပ်ကိုအသုံးဝင်တယ်။"

"ဒီလိုသာဆို ရွှေစတစ်ထောင်က တကယ်လုံးဝဈေးမကြီးဘူး။........"

သိုင်းပညာရှင်များ၏ ကျင့်ကြံစဉ်အဆင့်ကွဲပြားမှုပေါ်မူတည်၍ အသက်ဓာတ်ငါးပါးဆေးလုံးကိုချေဖျက်နိုင်သည့်အချိန်ကာလကလည်း မတူညီကြပေ။ သို့သော်တူညီသည့်အချက်က သူတို့အားလုံးသည် ဆေးလုံးအလုံး(၃၀)သောက်သုံးမှသာ ချီစွမ်းအင်ကြောများကျယ်ပြန့်လာမှာဖြစ်သည်။ ကျင့်ကြံစဉ်အဆင့်မတူညီကြသောသိုင်းပညာရှင်များအတွက်တော့ ဒါကလည်းတရားမျှတသည်ဟုဆိုနိုင်မည်။

ဆေးလုံးတစ်လုံးကိုရွှေစတစ်ထောင်၊ ဆေးအလုံး(၃၀)ကို ‌ရွှေစသုံးသောင်း။ အကယ်‌၍ရွှေစသုံးသောင်းနဲ့ ချီစွမ်းအင်ကြောများကို အပ်ချည်မျှင်တစ်မျှင်စာကျယ်ပြန့်လာစေနိုင်မယ်ဆို ဒီလောက်ဈေးနှုန်းကိုဘယ်သိုင်းပညာရှင်ကများမပေးချင်ဘဲနေမှာလဲ။

အသက်ဓာတ်ငါးပါးဆေးလုံးကိုစောစောစီးစီးသောက်သုံးဖြစ်လေ၊ သိုင်းပညာရှင်များအတွက် ပိုမိုအကျိုးများလေဖြစ်သည်။ ဒါတင်မကနည်းနည်းအချိန်နှောင်းခဲ့လျှင်တောင် အသက်ဓာတ်ငါးပါးဆေးလုံးက ချို့တဲ့အားနည်းချက်များကိုဖြည့်တင်းပေးနိုင်ပေသည်။

ယခုအချိန်မှာတော့ ဧည့်သည်တော်များအားလုံး သေချာသဘောပေါက်သွားကြပြီဖြစ်သည်။

သူတို့အားလုံး ဒီတစ်ခေါက် ကုန်းရိအိမ်တော်ကသေချာပေါက်အချီကြီးပွကာ အကျိုးအမြတ်များစွာရရှိသွားမည်မှန်း ကောင်းကောင်းကြီးသိကြသည်။ သို့သော်သူတို့က မိမိတို့အိမ်တော်၏လူငယ်မျိုးဆက်များကောင်းစားရေးအတွက် ဤအသက်ဓာတ်ငါးပါးဆေးလုံးများကို လိုလိုလားလားနှင့် လက်ထဲ၌ပမာဏများစွာပျော်ပျော်ကြီးဝယ်ထားဖို့ဆန္ဒရှိကြ၏။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now