အပိုင်း(၅၆) ထောက်ပံ့သူမရှိခိုက်။

360 62 8
                                        

((Unicode))

အပိုင်း(၅၆)
ထောက်ပံ့သူမရှိခိုက်။

💊💊💊

ချီဖုန်းနှင့်ပိုင်ဝမ်ကျွင့်တို့အကြောင်းဖတ်ရှုပြီးနောက် ကုကျိုးတည်ငြိမ်စွာခဏမတ်တပ်ရပ်နေသည်။ ထို့နောက် သူ ဖြည်းညင်းစွာသက်ပြင်းရှည်တစ်ချက်ချလိုက်၏။

ဒီလိုဆိုရပြီ။

သူ ချီဖုန်းကိုရော၊ပိုင်ဝမ်ကျွင့်ကိုရော မသတ်ပစ်ခဲ့ဘူး။ ဆေးပုလဲလုံးကိစ္စကလွဲရင် သူတို့နှစ်ယောက်ရဲ့အဆုံးသတ်က သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တာ..…...။

အကယ်၍ချီထျန်းရုံရဲ့ဝိဉာဉ်သာကောင်းကင်ဘုံကနေ ဒီအကြောင်းတွေကိုသိခဲ့ရင်လည်း ချီထျန်းရုံရဲ့နတ်သားလေးလိုစိတ်သဘောထားအရ သူ့ကိုအပြစ်တင်မှာမဟုတ်ဘူး။----- မဟုတ်ဘူး၊ တကယ်လို့ပိုင်ဝမ်ကျွင့်နဲ့ချီဖုန်းကို သူသတ်ပစ်ခဲ့ရင်တောင် သူများကို ထိခိုက်နစ်နာစေလိုစိတ်မရှိတဲ့ချီထျန်းရုံက သူ့ကိုသေချာပေါက်အပြစ်တင်မှာမဟုတ်ဘူး။

ချီထျန်းရုံကား အဲ့သည်လောက်ကိုတုံး,အပေသည်။ ရိုးလွန်းအလွန်းလို့သူ့အစားလက်စားချေပေးရတာတောင် အားနာပြီးစိတ်မကောင်းဖြစ်မိသည်။ 

နောက်ပြီးအခုလိုဆို နောင်တစ်နေ့နေ့တစ်ချိန်ချိန်ကျ တစ်ယောက်ယောက်က ဒီကိစ္စတွေကိုသိသွားလျှင်တောင် "ချီထျန်းရုံ"ကတစ်ခုခုလုပ်ခဲ့တယ်၊ ဒါမှမဟုတ်အငြှိုးကြီးတယ်လို့ ဘယ်သူကမှခံစားမိမှာမဟုတ်ပေ။

ချီထျန်းရုံ၏ဂုဏ်သိက္ခာကို သူထိခိုက်အောင်မလုပ်မိဘူးဟု ကုကျိုးခံစားရသည်။ ထို့ကြောင့်ဒီနေ့ကစပြီး ဒီစိုးရိမ်ကြောင့်ကြမှုကြီးကို သူလွှတ်ချလိုက်နိုင်ပြီ။

ထိုအခိုက်၌ ကုကျိုး၏စိတ်နှလုံးထဲဝယ် ကျောက်တုံးကြီးတစ်တုံးကိုလွှတ်ချနိုင်လိုက်သလိုခံစားရသည်။ ယခင်ကဆို ဒီကိစ္စကသူနဲ့လုံးဝမဆိုင်ဘူးဟု သူ့စိတ်ထဲကမည်မျှခံစားမိပါ‌စေ၊ သူ၏မသိစိတ်ကတော့ဆက်လက်တွဲငြိနေသေးသည်။ အခုအချိန်ကျမှသာ သူအမှန်တကယ်လွှတ်ချနိုင်သွားတာဖြစ်သည်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now