အတွဲ (၁) အပိုင်း (၁) System က Host ကို အသိအမှတ်ပြုခြင်း

2.2K 273 9
                                    

((Zawgyi))

'အတွဲ(၁) - အသူရာ​ချောက်နက်ဝယ် ဖုံးကွယ်​နေသော နဂါး'

အပိုင်း (၁)
System က Host ကို အသိအမှတ်ပြုခြင်း

💊💊💊

ကုကျိုးတစ်ယောက် အသီးအရွက်အိတ်ကလေးပိုက်ကာ အိမ်သို့ခပ်သွက်သွက်ပြန်ခဲ့သည်။ အိမ်က ဒီနေရာနဲ့ဝေးတာကြောင့် သူအိမ်ရောက်ဖို့ နောက်ထပ် ၁၀ မိနစ်လောက်လိုသေးသည်။

သူ နည်းနည်းစိတ်လော​နေမိသည်။ ခုချိန်ဆို သူ့အဖေက ညစာမစားနှင့်ဘဲ သူပြန်အလာကို စောင့်နေ​တော့မည်။ သူ့အဖေက အစာအိမ်ရောဂါရှိသည်။ သူရဲ့ အခြားအဖေမရှိသည့်အချိန်ဆို သူကပဲ သူ့အဖေကိုစောင့်ရှောက်​ပေးရမည်ဖြစ်သည်။

ထိုအကြောင်းတွေးမိသည်နှင့် ကုကျိုးက သူ့ခြေထောက်တွေကို အရှိန်မြှင့်လိုက်၏။

သို့သော် လူကူးမျဉ်းကြားကို ဖြတ်လျှောက်လာချိန်ဝယ် အလွန်လျင်မြန်စွာမောင်းနှင်လာသော ကုန်တင်ကားတစ်စီးက လမ်းဆုံတွင် သူ့ဘက်သို့ ရုတ်တရတ် ​အမြန်ချိုးကွေ့လာသည်။ ယာဉ်မောင်းမှာ မူးရူးပြီး မောင်းနှင်လာမှန်းသိသာလှသည်!

ကုကျိုးက အလန့်တကြားဖြင့် ရှောင်တိမ်းရန်ကြိုးစားလိုက်သည်။ သို့သော် အချိန်မလုံလောက်ခဲ့​ပေ။ ကုန်တင်ကားက သူ့ဆီသို့တည့်တည့်တိုးဝင်လာသည်။ စူးရှသော နာကျင်မှုကိုခံစားလိုက်ရပြီးနောက် သူ ဘာမှမသိတော့ဘဲ သတိလစ်မေ့မျောသွားတော့သည်။

သတိမလစ်ခင်အချိန်တွင် အရောင်တဖျတ်ဖျတ်လက်နေသော အရာလေးတစ်ခု သူ့နဖူးရှိ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားခဲ့သည်ကို ကုကျိုး တစ်ယောက်မသိလိုက်ရှာပေ။ ထို့နောက် သူ့ခန္ဓာကိုယ်သည်လည်း ထိုနေရာမှ ရုတ်တရတ်ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် နောက်ထပ်ခန္ဓာကိုယ်တစ်ခုက သူ့နေရာတွင် အစားထိုးဝင်ရောက်ကာ ကုန်တင်ကားအောက်၌ တစ်စစီ နင်းချေခံလိုက်ရသည်။

မကြာခင်မှာ လူအုပ်ကြီးက ထိုနေရာတွင် ဝိုင်းအုံလာကာ အော်ဟစ်သံများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်......

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now