အပိုင်း(၆၈) အန္တရာယ်များကိုလျှော့ချခြင်း။

260 51 4
                                        

((Unicode))

အပိုင်း(၆၈)
အန္တရာယ်များကိုလျှော့ချခြင်း။

💊💊💊

ကုန်းရိထျန်းဟန်က အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ ရုတ်တရက်သဘောပေါက်သွားသလိုဟန်ဆောင်ကာ:

"မဟုတ်မှလွဲရော အထူးသီးသန့်လုပ်ထားတဲ့......"

တာဝန်ခံကလည်းပြုံးပြီး:

"သခင်လေးက လမ်းစဉ်တူရောင်းရင်းပဲ။"

ကုန်းရိထျန်းဟန်က ခေါင်းအသာခါကာ ယိုးမယ်ဖွဲ့ခံရမည့်ဘေးမှရှောင်ရှားပြီး:

"အကြမ်းဖျင်းနည်းနည်းပါးပါးသိရုံပါ။"

တာဝန်ခံက အသံနှိမ့်လိုက်ကာ:

"ဒါဖြင့်?။"

ကုန်းရိထျန်းဟန်က သဘာဝကျကျပြုံးလိုက်ရင်း:

"ကျေးဇူးပြုပြီး လမ်းပြပါ။"

တာဝန်ခံက သဘောပေါက်သည့်အပြုံးနှင့်နောက်တစ်ကြိမ်ပြုံးပြလာသည်။

ကုကျိုးမှာ ယခုကဲ့သို့စကားတစ်ခွန်းကိုအဓိပ္ပါယ်နှစ်မျိုးသက်ရောက်အောင်ပြောသည့်စကေးကိုကြည့်ရင်း စိတ်ထဲကူကယ်ရာမဲ့သွားသည်။

သူတို့က တခြားလူနောက်ကနေ နောက်ယောင်ခံလိုက်လာတာအသိသာကြီးကို။ အစောကြီးကတည်းက ဒီမှာလျို့ဝှက်ချက်တစ်ခုခုရှိမယ်ဆိုတာသိထားပြီးသား။ ဒါပေမဲ့အခုကျ...... ကုကျိုအထင် သူ့အိမ်ကဒီအစ်ကိုကြီးနောက်လိုက်မယ်ဆို နောင်ကျဒီလိုမလှိမ့်တပတ်ဟန်ဆောင်ရမဲ့ကိစ္စတွေက နည်းမှာမဟုတ်ဘူး။

ကုကျို သူ၏သရုပ်ဆောင်စကေး ကျွမ်းကျင်အောင်လုပ်ဖို့လိုအပ်နေလေပြီ။

ထို့နောက်တော့ ဆိုင်တာဝန်ခံက စကားအပိုတွေမပြောဘဲ အခန်းထဲမှထွက်ကာ လူတစ်ယောက်ကိုသွားခေါ်၍ ဆိုင်စောင့်ခိုင်းလိုက်သည်။ ပြီးသည်နှင့်သူက ဆိုင်ထောင့်တစ်နေရာသို့လျှောက်သွားကာ နံရံပေါ်ရှိနေရာများစွာကို ဟိုဟိုဒီဒီတို့ထိလိုက်သည်။ ထိုအခါဆိုင်ကြမ်းခင်းကြီး နှစ်ခြမ်းကွဲသွားကာ အောက်ဆင်းသည့်အပေါက်တစ်ခုပေါ်လာသည်။ အပေါက်ကြီးက ပိန်းပိတ်အောင်မှောင်မိုက်ကာ လူကိုကြောက်လန့်စိတ်များဖြစ်ပေါ်စေသည်။

မင်းအတွက်ဆေးတစ်ခွက် [မြန်မာဘာသာပြန်]Where stories live. Discover now