အပိုင်း (၂၆) အရိုးပုလဲ

1.2K 297 16
                                    

((Zawgyi))

အပိုင်း (၂၆)
အရိုးပုလဲ

💊💊💊
ထိုနေ့မှစ၍ ကုန်းရိထျန်းဟန်နှင့် ကုကျိုးတို့သည် သူတို့၏ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကို အတူတကွ ပုံမှန်လုပ်ဆောင်ကြတော့သည်။

မနက်ခင်းတိုင်းတွင် ကုကျိုးက ဆေးကြိုအိုး(၄)အိုးစာ ချီအားဖြည့်ဆေးလုံးများနှင့် ဆေးကြိုအိုး(၁)အိုးစာ နွေဦးသစ်လွင်ဆေးလုံးများကို ဖော်စပ်သန့်စင်ပြီး ကုန်းရိထျန်းဟန်က ကုကျိုးရေးသားပေးသည့် နတ်ဆေးပညာစိတ်ဝိညာဉ်ကျင့်ကြံရေးနည်းလမ်းနှင့် မရဏဝိညာဉ်ဆူး ကျမ်းစာများကို ဖတ်ရှုရင်း ချင့်ချိန်တွေးတောလေ့ရှိသည်။

နေ့လည်ပိုင်းတွင် ကုကျိုးသည် စွမ်းအားများပြန်လည်ဖြည့်တင်းရန် ခေတ္တအနားယူပြီး ကုန်းရိထျန်းဟန်သည်လည်း မိမိစိတ်အ​ခြေအနေကို ပြန်လည်အားပြည့်စေရန် နာရီဝက်ခန့် အနားယူလေသည်။

မွန်းလွဲပိုင်းမှာတော့ ကုကျိုးက လိပ်သန္ဓေသားချီသွေးကြောအခွံမာဆေးရည်နှင့် ဓာတ်ကြီးငါးပါးညီညွတ်ခြင်းဓာတ်စာတို့ကို အမြန်သန့်စင်ပြီးနောက် ကုန်းရိထျန်းဟန်က ဆေးအနှစ်ရည်တွင် ဆေးရည်စိမ်ပြီး ဆေးဓာတ်စာများကို စားသုံးသည်။ သူတို့နှစ်ဦးသည် ထိုကဲ့သို့ အချိန်(၃)နာရီခန့် အတူတကွ ကုန်ဆုံးကြလေသည်။

ညဘက်ရောက်တော့ ကုန်းရိထျန်းဟန်က ကုကျိုးကို နတ်ဆေးပညာစိတ်ဝိညာဉ်ကျင့်ကြံရေးကို မည့်သိုမည်ပုံလေ့လာကျင့်ကြံရမည်ကို သင်ကြားပြသပေးသည်။ သို့သော် မရဏဝိညာဉ်ဆူးနှင့် ပတ်သတ်၍တော့ လက်ရှိတွင် တိုးတက်မှု တစ်စုံတစ်ရာမရှိသေးပေ။

တစ်ချိန်တည်းမှာ ကုကျိုးသည် ကုန်းရိထျန်းဟန်၏ အမိန့်အရ ကုန်းရိထျန်းဟန်၏ စီးပွားရေးနှင့်ပတ်သတ်သည့် အရေးကိစ္စတချို့တွင် မကြာခဏ ပါဝင်ကိုင်တွယ်ခဲ့သည်။ ကုန်းရိထျန်းဟန်က ကုကျိုးကို ဆုံးဖြတ်ချက်ချရန် အခွင့်အာဏာမပေးထားသော်ငြား ခက်ခဲလှသည့် စီးပွားရေးကိစ္စများအပေါ် ကုကျိုး၏ ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်များကို နားထောင်ပေးပြီး လိုအပ်ချက် တစ်စုံတစ်ရာရှိပါက ထောက်ပြသင်ကြားပေးလေသည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now