အပိုင်း(၁၃) ကုကျိုး၏တန်ဖိုး

1.2K 300 12
                                    

((Zawgyi))

အပိုင်း(၁၃)
ကုကျိုး၏တန်ဖိုး

💊💊💊

လဝက်ခန့်ကြာခဲ့ပြီ။ ကုကျိုးသည် ဆေးဝါးဓာတ်စာများကို ချက်ပြုတ်သန့်စင်ရသည့်အပြင် ဆေးလုံးများကို ဖော်စပ်သန့်စင်ရာတွင်လည်း စိတ်နှလုံး​ကိုနှစ်မြှုပ်ထားခဲ့သည်။ သူသည် တစ်ဖက်မှာလည်း လိုအပ်သည့် ဆေးပညာချီစွမ်းအင်များကို လုံလောက်အောင် စုဆောင်းရင်း ကျန်တစ်ဖက်ကလည်း မိမိ၏ ဆေးဝါးသန့်စင်မှုနှုန်းက အလွန်နှေးကွေးနေသည်ဟု ခံစားလာရသည်။ လက်ရှိအချိန်တွင် သူသည် ချီအားဖြည့်ဆေးလုံးများကိုသာ ဖော်စပ်သန့်စင်နေပြီး နွေဦးသစ်လွင်ဆေးလုံးများ ဖော်စပ်မည့်အစီအစဉ်ကို ​ခေတ္တရွှေ့ဆိုင်းထားသည်။

အစတွင် သူသည် တစ်နေ့လျှင် ချီစွမ်းအင်အမျှင်(၄)ခုသာ ရရှိနိုင်သည်။ နောက်တော့ ရက်ပေါင်းများစွာအကြာတွင် (၅)ခု မှ (၆)ခုအထိ ရယူလာနိုင်ပြီး သိပ်မကြာခင် တစ်ပတ်အတွင်းမှာ ချီစွမ်းအင်မျှင် (၃၀)လုံးကို အကုန်စုဆောင်းနိုင်ခဲ့သည်။ ထပ်မံရရှိလာသည့် ချီစွမ်းအင်အမျှင်များကိုတော့ System က အလိုအလျောက် လိုက်လံစုဆောင်းပေးပြီး လေဟာနယ်သိုလှောင်ရုံထဲရှိ အခန်းလွတ်တစ်ခုထဲသို့ ချက်ချင်း သိမ်းဆည်းပေးထားသည်ကို သူသတိထားမိသည်။

ကုကျိုးသည် မိမိစိတ်အာရုံထဲမှ ကြည့်ရှုလိုက်သည့်အခါ အလွန်သေးငယ်သည့် နို့နှစ်ရောင် မြွေကလေး အခု(၅၀)သည် ထိုမည်းမှောင်နေသည့် အခန်းလွတ်ကြီးထဲတွင် ဟိုဟိုဒီဒီ ကူးခတ်သွားလာနေသည်။ ထိုအမျှင်လေးများသည် လှပသန့်စင်ပြီး တက်ကြွမြူးတူးနေကြသည်မှာ အမှောင်ထုထဲတွင် သေးငယ်သည့် မီးအလှများနှင့် လှပအောင် မွမ်းမံပြင်ဆင်ထားသည်နှင့်ပင် တူနေသည်။

ဤဆေးဝါးချီစွမ်းအင်အမျှင်လေးများ၏ အသုံးဝင်ပုံကိုတော့ သူအခုချိန်ထိ စဉ်းစား၍မရ​သေးပေ။..... သူက စိတ်စွမ်းအားသုံးပြီး ထိုအမျှင်လေးများကို ထိကိုင်ကြည့်ဖို့ ကြိုးစားသည့်အခါတိုင်း ၄င်းတို့က မြွေကလေးများကဲ့သို့ တွန့်လိမ်ရုန်းထွက်သွားကြစမြဲဖြစ်သည်။ ဤသို့နှင့် အချိန်တွေကြာလာတော့ သူလည်း လက်မှိုင်ချကာ ထိုကိစ္စကို စိတ်လျှော့ထားလိုက်သည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now