အပိုင်း (၂၀) အိမ်​တော်သခင်လေး(၄)ဦးထွက်ပေါ်လာခြင်း

1.2K 285 8
                                    

((Zawgyi))

အပိုင်း (၂၀)
အိမ်​တော်သခင်လေး(၄)ဦး
ထွက်ပေါ်လာခြင်း

💊💊💊
ကုကျိုးက မွန်းကြပ်စွာ မေးလိုက်သည်။

"သူတို့က ဘာလုပ်ခဲ့လဲ?"

ကုန်းရိမင်ရှားက တစ်စုံတစ်ခုကို သတိရသွားကာ မျက်နှာမသာမယာဖြစ်လာသည်။

"အဲ့ဒါ တခြားအိမ်တော်(၄)ခုက သခင်လေးတွေကြောင့်ပေါ့။ အဲ့ဒီတုန်းက အစ်ကိုကြီးနဲ့ သူ့ရဲ့တန်းတူ မျိုးဆက်ကမွေးတဲ့ သခင်လေး (၄)ယောက်က အသက် (၁၂)နှစ် (၁၃)နှစ်အရွယ်တွေ။ သူတို့တွေအားလုံးက သွေးသန့်စင်ခြင်းအဆင့်ရဲ့ အတော်ဆုံးသူတွေပေါ့။ သူတို့က မျိုးနွယ်စုတိုက်ပွဲမှာ တစ်ချိန်တည်း တစ်ဖွဲ့တည်း ဝင်ပြိုင်ကြတယ်။ အစ်ကိုကြီးကလည်း အဲ့အချိန်မှာ အသက်(၁၂)နှစ်ရှိပြီ။ ဒါပေမယ့် အစ်ကိုကြီးက သူမတူအောင် တော်ပါတယ်ဆိုတဲ့ ကောလဟာလတွေက အိမ်တော်အပြင်ဘက်မှာ အရမ်းပျံ့သွားတယ်။ ပြီးတော့ လူတွေက အစ်ကိုကြီးကို တခြားအိမ်တော်က သခင်လေး(၄)ယောက်နဲ့ တန်းတူနှိုင်းယှဉ်ပြောကြတာပေါ့။ အဲ့ဒီမှာ ဟဲလျန်အိမ်တော်နဲ့ စစ်မာအိမ်တော်က သခင်လေးတွေက အစ်ကိုကြီးကို လှောင်ပြောင်ကြတယ်။ သူတို့က အစ်ကိုကြီးမှာ ဒီလောက်အရည်အချင်းတွေရှိနေရင် မျိုးနွယ်စုတိုက်ပွဲထဲမှာ အားလုံးနဲ့ အတူတူ ဝင်ပြီးတိုက်ခိုက်သင့်တယ် လို့ ပြောလာတယ်။"

ထိုစကားကိုကြားသည့်အခါ ကုကျိုးကဲ့သို့ ဘာကိုမှ ထွေထွေထူးထူး နက်နဲစွာ မစဉ်းစားတတ်သူပင် မျက်မှောင်ကြုတ်သွားကာ ပြောလိုက်သည်။

"အဲ့ဒီ ကောလဟာလတွေ၊ ပြီးတော့ သွားပုတ်လေလွင့်စကားတွေက ဟိုအဘိုကြီးတွေနဲ့များ သက်ဆိုင်နေလား?"

ကုန်းရိမင်ရှားက ရွံရှာသလို သရော်ပြောပြောလိုက်သည်။

"သိပ်ဟုတ်တာပေါ့။ အစ်ကိုကြီးက တစ်လောကလုံးမှာ ပြိုင်ဖက်ကင်းတဲ့သူဆိုတာ အမှန်တရားပဲ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ အစ်ကိုကြီးရဲ့ ကျန်းမာရေးအခြေအနေနဲ့ အသက်အရွယ်ကြောင့် အဘိုးက သူ့ရဲ့ အရည်အချင်းတွေိကို အများရှေ့မှာ သိသိသာသာ မဖော်ပြခိုင်းခဲ့ဘူး။ အထူးသဖြင့် တခြားအိမ်တော်ကြီးတွေက သခင်လေး (၄)ယောက်နဲ့ဆို ပိုလို့တောင် မယှဉ်ပြိုင်စေချင်ဘူး။ အဲ့တော့ သိတဲ့အတိုင်း ဒီကိစ္စက အစ်ကိုကြီးရဲ့ အားနည်းချက်ကို ပိုဆွပေးသလိုဖြစ်တဲ့အပြင် အန္တရာယ်တွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါက ပြောရရင် ဂုဏ်သတင်းအတုအယောင်တွေကလွဲလို့ ဘာကောင်းကျိုးမှပေးတာမဟုတ်ဘူး! ဒါပေမယ့် အဲ့ဒီအဘိုးကြီးတွေက အဲ့လိုဖြစ်အောင် ကြိတ်ပြီး ကြိုတင်ကြံစည်ထားတာ။ အပြင်လူတွေအမြင်မှာ အစ်ကိုကြီးက သိုင်းပညာ တစ်စိုးတစ်စိတောင် မကျင့်ကြံနိုင်ဘဲ တခြားအိမ်တော်(၄)ခုက ပြိုင်စံရှား သခင်လေးတွေနဲ့ တန်းတူ ရင်ဘောင်တန်းပြီး ကျော်ကြားချင်နေတယ်ပေါ့။ ဒါက အဲ့ဒီသခင်လေးတွေရဲ့မျက်နှာကို တမင်ရည်ရွယ်ပြီး ရိုက်ချသလို ဖြစ်မနေဘူးလား? ဒီလိုနဲ့ သူတို့က အစ်ကိုကြီးကို ကံဆိုးမိုးမှောင်ကျအောင်လုပ်ဖို့ အကြောင်းပြချက်တစ်ခု ရသွားတာပေါ့။ တခြားလူတွေတောင် အမြင်မှာ ဒီကိစ္စက အစ်ကိုကြီးဘက်က စမှားသလိုဖြစ်​နေပြီး သခင်လေးတွေက ငယ်ရွယ်ပြီး  စိတ်လိုက်မာန်ပါဆိုတော့  ဒေါသမထိန်းနိုင်ဖြစ်တာပေါ့"

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now