အပိုင်း (၁၅) ကုန်းရိအိမ်တော်

1.2K 291 11
                                    

((Zawgyi))

အပိုင်း (၁၅)
ကုန်းရိအိမ်တော်

💊💊💊
ကုကျိုးသည် လမ်းခရီးတစ်လျှောက်တွင် ကုန်းရိအိမ်တော်၏ မင်းမြို့တော်တစ်လွှား မည်မျှဂုဏ်သတင်း ကျော်ကြားကြောင်းကို တွေ့​မြင်ခဲ့ရသည်။

မြင်းစီးအစောင့်တပ်ဖွဲ့များ ဝင်လာသည်နှင့် လမ်းမကြီးပေါ်ရှိ လူများက တစ်ယောက်ပြီးတစ်ယောက် အလိုလို လမ်းဘေးတစ်ဖက်သို့ကပ်လိုက်ကာ နှုတ်မှလည်း တက်ကြွစွာ ဆွေးနွေးပြောဆိုကြ​တော့သည်။ ထို့အပြင် သူတို့ကို သာမန်ပြည်သူများသာမက သိုင်းပညာရှင်များကပါ ပါးစပ်အဟောင်းသား၊ ကြည်ညိုလေးစား အားကျသည့်မျက်လုံးများဖြင့် ရင်သက်ရှုမောကာ ငေးမောကြည့်ရှုကြလေသည်။

"ဟိုမှာ ကုန်းရိအိမ်တော်က ရထာလုံးဟေး! မြန်မြန်ကြည့်ကြ! အင်အားကြီးလိုက်တာ!"

"ဝူအာ, တကယ်လို့ သား အသက်(၃၀)မပြည့်ခင် ဟို့ထျန်းအဆင့်(၃)ကို ရောက်ခဲ့ရင် ဒီအဖေက မင်းအတွက် ပိုက်ဆံအများကြီး အကုန်ကျခံပြီး မင်းကို ကုန်ရိအိမ်တော်မှာ အစောင့်တပ်သား သွားလုပ်လို့ရအောင် ပို့ပေးမယ်!"

"ဟိုက အောင်လံတံခွန်ကို ကြည့်ပါဦး။ အဲ့ဒီမှာ 'ဟန်' စာလုံးတစ်လုံးတည်း ရေးထားတာ။ မဟုတ်မှလွဲရော ဒါက ကုန်းရိအိမ်တော်က အကြီးဆုံးသခင်လေးများလား?"

"တကယ်ပဲ အဲ့ဒီသခင်လေးဖြစ်နေတာကိုး။ သူ့ကို သိုင်းပညာမကျင့်ကြံနိုင်တာကိုပဲ မကြည့်နဲ့။ သူက အင်ပါယာဘုရင်မင်းမြတ်ကိုယ်တိုင်ကတောင် ချီးမွမ်း​မြှောက်​စားထားတဲ့သူ!"

"ခန္ဓာကိုယ်က ဒီလို အခြေအနေဖြစ်နေတာတောင် တခြားအိမ်တော်က သခင်လေး (၄)ယောက်နဲ့ ပုခုံးချင်းယှဉ်နိုင်တာ တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့သူပဲ!"

လက်ရှိတွင် ကုကျိုး၏ အာရုံငါးပါး အာရုံခံနိုင်စွမ်းအားမှာ သာမန်ထက် ပိုမိုမြင့်မားလာပြီဖြစ်သဖြင့် သူသည် ထိုကျွက်ကျွက်ညံနေသော တစ်ယောက်တစ်ပေါက် ပြောဆို​နေသံများကို နားထဲတွင် တစ်ခုချင်း ရှင်းလင်းစွာ ကြားနေရသည်။ သူက ထိုအသံများကို နားထောင်လိုက်ပြီးနောက် သူ၏ စိတ်ထဲမှ အံ့ဩမှင်သက်ရကာ နှလုံးသားထဲမှ ပိုမိုလေးစားကြည်ညိုမိလေသည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now