Part (1)

7.2K 337 14
                                    

လူချမ်းသာတွေနေတဲ့ လမ်းတစ်လမ်းမဟုတ်။ သာမာန်လူတန်းစားများသာနေထိုင်သောလမ်းတစ်လမ်း ။ ထိုလမ်းထဲ၌ သစ်ပင်ပန်းမာန်များဖြင့် အေးချမ်းစွာတည်ရှိနေသောအိမ်တစ်အိမ်။ အပြင်ပန်း၌အေးချမ်းဟန်ရှိသော ထိုအိမ်အတွင်းဘက်၌

"ဘာမှစောက်သုံးမကျတဲ့အကောင်ဘယ်နေရာမှသုံးစားလို့ကိုရမှာမဟုတ်ဘူး။ အငယ်တွေကတောင် သူ့ထက်လ်ိမ္မာပြီးပြောစကားနားထောင်သေးတယ်"

ထိုအိမ်ကြီးအတွင်းမှလူကြီးတစ်ယောက်၏အားမလိုအားမရသံထွက်ပေါ်လာလေသည်။

ခါးသွေးလင်္ကာသည်သူ့အားအမြဲတစေထိုသို့ပြောပါသောဖခင်ကြီးအားသူမမုန်းသည့်တိုင်အနည်းငယ်တော့စိတ်ခုမိပါသည်။ဖခင်ကြီးသည်အမြဲအငယ်တွေနှင့်ယှဉ်၍
သူ့အားထိုသို့ပြောခြင်းကိုလွန်စွာမှခံပြင်းမိပါသည်။

အဘယ်သို့သောအကြောင်းများကြောင့်သူ့အားဤသို့ပြောဆိုဆက်ဆံပါသလဲ။
သူသည်ဖခင်ကြီးအားလွန်စွာချစ်သော်လည်းဖခင်ကြီးသည်သူ့အားအမြင်မကြည်ပါ။
သူ့အားအငယ်တွေလောက်မချစ်၍လား၊အငယ်တွေလောက်မိဘအပေါ်မသိတတ်ခဲ့လို့လား။
ဖခင်ကြီးခိုင်းသောအလုပ်များကိုမညဉ်းမငြူဘဲနှင့် အားတတ်သရောကူညီလုပ်ဆောင်ပေးပါရက်နှင့်သူ့အားအငယ်တွေလောက်သုံးစားမရဟုဘာကြောင့်ဆိုသနည်း။သူပိုက်ဆံမရှာပေးနိုင်၍လား၊မိဘပိုက်ဆံအားထိုင်ဖြုန်းနေမိ၍လား။
အင်း...အဲ့ဒါကြောင့်ပဲထင်ပါသည်။ပိုက်ဆံသည်လွန်စွာအရေးပါသောအရာတခုလား မိသားစုတွေကြားထဲမှာတောင်လေ။
ဟုတ်တယ်။ ငါပိုက်ဆံရှာရမယ်။ ဒါမှငါ့အဖေသည်ငါ့အားအမြင်ကြည်လိမ့်မည်ဟုခါးသွေးလေးသည် သိမ်ငယ်စွာတွေးလေသည်။
.....................................................................

☕️ Simple love Cafe ☕️

🎼Nothing can come between,You and I🎼

သံချင်းသံထွက်ပေါ်လျက်ရှိသောနေရာသည် Simple love အမည်ရှိသော ကော်ဖီဆိုင်လေးတစ်ဆိုင်ဖြစ်သည်။Simple love cafe အမည်ရှိသောဆိုင်သည် ခေတ်မှီ decoration များနှင့်ဆောက်လုပ်ထားသည်မှာ နိုင်ငံခြား cafe များနှင့်ပင်တူလှသည်။ဆိုင်အပြင်အဆင်ခမ်းနားသည်။ဈေးနှုန်းမှန်၍ထိုဆိုင်သည်လူကြိုက်များသည်။လမ်းမဘက်တွင်ရှိသော်လည်း အသံလုံမှန်များကြောင့်ဆိုင်တွင်သံချင်းသံမှလွဲ၍တိတ်ဆိတ်နေသည်မှာ ဖြတ်သွားဖြတ်လာကားသံများပင်မကြားရ။

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now