Part(15)

2.1K 127 2
                                    

🎵🎵ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလိုပဲ

ငါထင်တယ် မင်းနဲ့ဆုံတိုင်းလေ

အကြည့်တွေရင်ဖိုလှိုက်မောလို့နေ

သာယာတဲ့မင်းရဲ့ရယ်သံလေး

ရင်ခွင်ထဲအထပ်ထပ်ကြားယောင်ရင်းနဲ့

ဘ၀ကိုသာယာယစ်မူးလို့နေ🎵🎵

🎵🎵အသက်ဆုံးတော့အနားမှာအမြဲရှိချင်တယ်

ရင်ခွင်ထဲမှေးစက်နားခိုရင်းနဲ့

ငြိုငြင်မှုအဆိုးများတွေ့ပါစေ ဘ၀ကိုအတူခရီးဆက်မယ်။🎵🎵

🎵🎵မင်း နင်ဟာ ငါ့ဘ၀ရဲ့ကောင်းကင်ပဲ

မှောင်မိုက်သောညမှာ ငါ့အတွက် ငွေလမင်းရယ်

မင်း ဘယ်သူမှအစားထိုးမရနိုင်ဘူး

ခိုင်မာသော ဘ၀ရဲ့ကျောက်ဆောင်

မင်းပဲ ငါ့ခိုလုံရာဟာလည်း မင်းပဲ

သေချာတယ် ငါ့ရဲ့အသက်ဟာ မင်းပဲ🎵🎵

ကော်ဖီဆိုင်ထဲကထွက်ပေါ်နေသောသီချင်းသံလေးဖြစ်သည်။နောက်တစ်ပတ်တွင် လက်ထပ်တော့မည်ဖြစ်သည့် လွန်းမင်းနဲ့ခါးသွေးလေးအတွက်ရည်ရွယ်၍ ဆိုင်ဝန်ထမ်းများဖွင့်ပေးထားတာဖြစ်သည်။ကောင်တာမှာထိုင်နေသည့်လွန်းမင်းကတော့ သံချင်းသံလေးနားထောင်နေရင်း ခါးသွေးလေး၏လှုပ်ရှားမှုလေးတွေကိုမျက်တောင်မခတ်တမ်းလိုက်ကြည့်နေသည်။မှာထားသည်များကိုချပေးနေသော ငယ်သွေးလေးသည်နှုတ်ခမ်းဘေးထောင့်အချိုင့်တွေပေါ်သည်အထိ ပြုံးနေသည်မှာချစ်စရာကောင်းလှသည်။သခွားမွှေးရောင်ရှပ်လက်တိုလေးနှင့်ပုဆိုးအစိမ်းကွက်စိပ်လေးဝတ်ထားသည်ကလဲ ငယ်သွေးလေးနှင့်လိုက်ဖက်လှသည်။

ငယ်သွေးလေးသည်လွန်းမင်းမျက်စိထဲတွင် တစ်နေ့ထက်တစ်နေ့ပိုချစ်ဖို့ကောင်းလာသည်ကြောင့် ချစ်လို့လဲမ၀။ချစ်မ၀လေးကို တစ်နေ့တစ်နေ့သူနမ်းလို့လဲမ၀ပါလေ။သူနမ်းလို့မ၀လဲ ၀အောင်မနမ်းရဲပါ။ငယ်သွေးလေးကအခုရက်ပိုင်းပါးလေးနမ်းတာတောင် အရမ်းတွန့်တိုသည်။လွန်းမင်းအတင်းနမ်းရင် ဗိုက်ခေါက်ကြောလိမ်ဆွဲသည်။ထို့ကြောင့် လွန်းမင်းအခုရက်ပိုင်း အသွေးလေးကိုမနမ်းရဲ။သို့ပါသော်လည်း များမကြာခင် သက်ဆိုင်သူတွေဖြစ်တော့မှာမို့ လွန်းမင်းအကြွေးတွေအများကြီးမှတ်ထားသည်။ငယ်သွေးလေးရဲ့တရားဝင်ယောက်ျားဖြစ်တာနဲ့ငယ်သွေးလေးကို အတိုးနဲ့အများကြီးနမ်းတော့မှာဖြစ်သည်။လွန်းမင်းသည်လူယုတ်မာပြုံးကြီးကိုပြုံး၍ငယ်သွေးလေးကိုကြည့်နေသည်။လွန်းမင်း၏အကြံအစည်နှင့်လူယုတ်မာပြုံးကိုမသိလိုက်ပါသောခါးသွေးကတော့ သူ့ကိုလှမ်းကြည့်နေသည့် လွန်းမင်းကိုပင် နှုတ်ခမ်းထောင့်အချိုင့်တွေပေါ်သည်အထိ ရယ်ပြနေသည်။
............

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now