Part (8) (Zawgyi)

911 31 0
                                    

"ဟိဟိ ကိုကိုစိတ်ဆိုးသွားတာလေးကချစ်စရာလေး"

သစ်သွေးတစ်ယောက်ကတော့ ကျောင်းကပြန်လာကတည်းကအခန်းထဲကမထွက်။မွေ့ယာပေါ်အကျအနလဲ၍ဖက်လုံးကိုဖက်။စိတ်ဆိုးသွားသောမျက်နှာလေးကို တစိမ့်စိမ့်တွေး၍ ဖက်လုံးကိုကိုက်လိုက် လက်နဲ့ညစ်လိုက်လုပ်နေသည်ကမိုးနှောင်းကိုတော်တော်အသည်းယားနေသည်ထင်။

အစကကိုကို့ကိုအမြင်ကပ်သော်လည်း နောက်ပိုင်းကိုကို့ရဲ့မထိတထိအပြုအမူလေးတွေကြောင့် သစ်သွေးတစ်ယောက်ရင်ခုန်ခဲ့သည်။နောက်ပိုင်း ကိုကိုအကြည့် ကိုကိုဂျစ်ကန်ကန်အပြောအဆိုလေးတွေနဲ့ စကားတစ်ခါပြောရင်အဆဲမလွတ်တော့ ကိုကို့ကို သစ်သွေးချစ်မိသွားခဲ့သည်။ကိုကိုသည်လည်း သူ့ကိုချစ်ပါလျက်နှင့် ဘာတွေ မူနေမှန်းမသိ။အကယ်၍မချစ်ဘူး ဆိုရင်လည်း မထိတထိမပြုအမူတွေနဲ့ ချစ်မိသွားအောင်လာမစသင့်။

ထိုကိစ္စ၊ထိုအကြောင်းအရာများကို ကိုကြီးကိုမသိစေချင်။ကိုကြီးကို မုဒိန်းကျင့်ဖို့ ကြံစည်ခဲ့သည့်ယောက်ျားတစ်ယောက်ကိုညီဖြစ်သူကကြိုက်နေသည့်အဖြစ်။ဒါပေမဲ့သစ်သွေးမသိခဲ့သည်က သူနဲ့ကိုကိုမတွေ့ခင်ကတည်းက ကိုကိုနဲ့ကိုကြီးက အရင်လိုသူငယ်ချင်းတွေပြန်ဖြစ်နေကြသည်ဆိုတာ။အဲ့နေ့ကသစ်သွေးအရမ်းပျော်သွားခဲ့သည်။ကိုကို့ကိုတစ်နေ့လက်ထပ်ချင်တဲ့အခါကျရင် အဖေနဲ့အမေက ကိုကိုဖြစ်နေသည်မို့ သဘောတူမည်မဟုတ်။ကိုကြီးတစ်ယောက်ကတော့ သူ့ဘက်တွင် သေချာပေါက်ရှိနေမှာသေချာသည်မို့ ထိုနေ့ကသူအရမ်းပျော်ခဲ့သည်။

အဲ့နေက သူငယ်ချင်းတွေနဲ့ကျောင်းကအပြန် ကိုကြီးအလုပ်လုပ်နေသည့် ကော်ဖီဆိုင်ထဲသို့ဝင်ခဲ့လိုက်သည်။ ထိုနေ့က သူ့ကို service လာပေးသူက ကိုကိုဖြစ်နေခဲ့ပြီး ကိုကိုနဲ့ တရင်းတနှီးပြောနေပြီး သစ်သွေးကို စကားလာပြောသည်ကိုကြီးဖြစ်နေခဲ့သည်။ သစ်သွေးထိုနေ့ကပျော်လွန်းလို့ မျက်ရည်ပါကျသည်။ သူကိုကို့ကိုသဘောကျသည့်အကြောင်းကို တစ်နေ့ကျရင်ပြောပြမည်။ ပျော်သည်ဆိုသော်လည်း လက်ခံမည်ဟုတထစ်ကျမတွက်ရဲ။ ယောက်ျားချင်းကြီးမို့ဟုမဆိုပါ။ အဖေအပါအ၀င် တစ်အိမ်လုံးက lgbt လက်ခံနိုင်သည်မို့ ထိုကိစ္စအတွက်စိတ်မပူမိပါ။ စိတ်ပူသည်က ကိုကိုကပွေသည်။ မိန်းကလေးများနှင့်ရှုပ်သည်။ ထိုကိစ္စတွေကို ကိုကြီးကသိသည်။ ထို့ကြောင့် ကိုကြီးသဘောမတူမှာစိုးရိမ်မိသည်။

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now