Part (16) (final)(Zawgyi)

1.1K 35 0
                                    

ဘုန်းကြီးကျောင်းထဲတွင် ကိုရင်လေးအချို့နှင့် လူများပျားပန်းခတ်တမျှလှုပ်ရှားသွားလာနေကြသည်။ခုနလေးတွင်မှ ကျောင်းထိုင်ဘုန်းဘုန်းကတရားပေးပြီးဖြစ်၍ဆွမ်းကျွေးဖို့ပြင်နေကြတာဖြစ်သည်။

"ကိုကိုလွန်း ရေသောက်ချင်လား"

ခါးသွေးတို့နှစ်ယောက်သည် ဘုန်းကြီးကျောင်းအတွင်းရှိသရက်ပင်ကြီးအောက်ကကွစ်ပစ်တွင်ထိုင်နေတာ့ဖစ်သည်။မျက်စိရှေ့မှာချက်ပြုတ်နေကြတော့ အဒေါ်ကြီးတို့ကိုထိုင်ကြည့်နေတာဖြစ်သည်။စေတနာပါပါနဲ့ချက်ပြုတ်နေကြသည်က မျက်နှာမှာအထင်းသားပေါ်သည်။ချွေးစို့နေကြသော်လည်း ယပ်တောင်လေးတခပ်ခပ်နှင့်အလုပ်ကိုစေတနာပါပါလုပ်နေကြသည့်မြင်ကွင်းလေးကကြည့်လှသည်ကြောင့်ထိုင်ကြည့်နေတာဖြစ်သည်။လိုတာရှိလဲခါးသွေးတို့ ကူညီချင်သည်လဲပါသည်ပေါ့။

ထိုင်ကြည့်နေရင်းနဲ့မှမနက်မိုးလင်းထဲက မုန့်တွေအများကြီးသာစားထားပြီး ရေမသောက်ရသေးသဖြင့် ခါးသွေးရေဆာသလိုလိုရှိလာသည်။ထို့ကြောင့် ကိုကိုလွန်းကိုပါရေဆာလားမေး၍တစ်ခါထဲခပ်လာမို့ဖြစ်သည်။

"ဟင့်အင်း ငယ်သွေးလေးသောက်ချင်လို့လား။ကိုယ်သွားခပ်ပေးမယ်လေ။"

"ဟင့်အင်း"

ကိုယ့်ထက်အကြီးမို့မခိုင်းချင်၍မသောက်ချင်ဘူးလို့ငြင်းလိုက်သော်လည်း ကိုကိုလွန်းကအနားမှထ၍ရေသွားခပ်ပေးပြီဖြစ်သည်။အနားမှထသွားတာမြန်ချက်ကတော့လှမ်းဆွဲဖို့တောင်မမှီလိုက်။ထို့ကြောင့် ခါးသွေးပြန်ငြိမ်နေလိုက်၍ ရေအပြေးလေးသွားခပ်သူကိုသာကြည့်နေလိုက်တော့သည်။

ထုံးစံအတိုင်းကြောင်တောင်တောင်ကြီးဟာ ရေအိုးစင်ကဘယ်နားမှာမှန်းမသိ၍ ချက်ပြုတ်နေတဲ့ အဒေါ်ကြီးဆီကိုသွားမေးသည်။အဒေါ်ကြီးကသေချာလမ်းညွှန်လိုက်မှကိုကိုလွန်းက ခါးကို ၄၅ ဒီဂရီကိုင်း၍ကျေးဇူးတင်စကားဆိုပြီးရေကိုအပြေးလေးသွားခပ်သည်။ခနကြာတဲ့အချိန်မှာ လက်ထဲကော်ရေခွက်အပြာလေးနှင့်ခါးသွေးဆီခြေလှမ်းမှန်မှန်ဖြင့်ပြန်လာသည်။

"ငယ်သွေးလေး ရပြီ"

ခါးသွေးကိုကိုလွန်းလက်ထဲကရေခွက်ကိုယူ၍သောက်လိုက်သည်။ရေအိုးစင်ကခပ်လာသည်ရေဖြစ်၍ခပ်အေးအေးလေးဖြစ်သည်။ရင်ထဲအေးခနဲဖြစ်သွားသည်။

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now