Part (3) (Zawgyi)

1.5K 48 0
                                    

🎶"~~ပိုင်ရှင်မရှိသေးတဲ့ အချစ်လေးရယ်~~ပိုင်ရှင် တို့ဖြစ်လိုက်ချင်ပါတယ်~~"🎶

အသံသေးသေးလေးထွက်ပေါ်နေသောအရပ်သည် သစ်ပင်ပန်းမာန်လေးတွေဝန်းရံထားသောအိမ်တစ်အိမ်။တစ်နည်းအားဖြင့် ခါးသွေးနေသော ဦးရဲသွေးပိုင်အိမ်ကြီးပေါ့။ထိုအိမ်လေးအတွင်းမှာတော့ မနက်ကတည်းက ဟိုဟာလေးပြေးလုပ်လိုက် ဒီဟာလေးပြေးလုပ်လိုက်နဲ့လုံးတုံးလုံးတုံး အသက်၂၂ နှစ်အရွယ်ကောင်လေးတစ်ယောက်ရှိသည်။တက်တက်ကြွကြွပြုလုပ်နေသူလေးသူ့ကို တစ်အိမ်သားလုံးခပ်ပြုံးပြုံးလေးကြည့်နေကြသည်ပေါ့။

ခါးသွေးလင်္ကာတစ်ယောက် တက်ကြွတဲ့ကြက်ဖဖြစ်နေသည်။အကြောင်းဆို သူဒီနေ့အလုပ်သွားရမယ်လေ။သီချင်းလေးတအေးအေးနဲ့ဖြီးလိမ်းပြင်ဆင်နေသည့် ခါးသွေးကိုကြည့်ကာ တစ်အိမ်သားလုံးပြုံးနေကြသည်။ထိုထဲမှ ဖခင်ဖြစ်သူဦးရဲသွေး၏အပြုံးသည် အပီပြင်ဆုံးဖြစ်သည်။သို့ပါသော်လည်းမဖော်ပြတတ်သူပီပီ နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။

(၆)နာရီကျော်နေပြီမို့ ခါးသွေးမြန်မြန်လေးပြင်ဆင်နေမိသည်။ (၇)နာရီဆိုင်ဖွင့်ချိန်ဖြစ်သဖြင့်ခါးသွေး(၆)နာရီခွဲလောက်သွားကာမှတော်ကာကျမည်။ခါးသွေး ကျီးဥစိမ်းရောင်လေးနှင့် ပုဆိုးအစိမ်းကွက်လေးကိုတွဲဝတ်လိုက်သည်။ပုံမှန်ဘောင်းဘီပဲဝတ်နေကျမို့ပုဆိုးဝတ်တော့အနည်းငယ်နေရခက်သည်။အရပ်ပုပုလေးနှင့်ပုဆိုးဝတ်ထားပုံလေးမှာ ၁၀ တန်းကျောင်းသားလေးလိုလို။ခါးသွေးအဖေထိုင်နေသည့်နားသွား၍ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလိုက်သည်။

"အမေလည်းထိုင်။သားအမေနဲ့အဖေကိုကန်တော့ချင်လို့။"

ဦးရဲသွေးသည်ပျော်နေပါသော်လည်းမျက်နှာကိုတင်းထားသည်။ဒေါ်နှိုင်းလင်္ကာ၏မျက်နှာကတော့ရွှင်လန်းမှုဖြင့် ကြည်လင်နေလျက်။အဖေနှင့်အမေ ဘယ်လိုရည်းစားဖြစ်ခဲ့သည်လဲဆိုတာတွေးနေသည့် သစ်သွေးသည် တခွိခွိနဲ့ရယ်သည်။ဘယ်လောက်တောင် ခွီချင်နေသည်မသိ အသံတွေတောင်ထွက်လာသည်မို့ အဖေနဲ့အမေကလှမ်းကြည့်သည်။ဦးရဲသွေး၏ခပ်စူးစူးအကြည့်တစ်ချက်ကြောင့် ရယ်နေသော သစ်သွေးတံတွေးများပင်သီးလေသည်။

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now