"ဟာ ကိုကြီး"
သစ်သွေးကိုကို့ကိုတိုက်ခန်းပြန်ပို့ပေးခဲ့ပြီး အိမ်ပြန်လာရာတွင် လမ်းထိပ်၌ကိုကြီးကိုတွေ့သည်။
"သစ်သွေး မင်းဘယ်သွားတာလဲ"
"ဟီး ကိုကြီးကရော ဘယ်သွားတာလဲ"
"ငါက ငါ့ရည်းစားနဲ့သွားတွေ့...နေပါဦး မင်းငါမေးတာပဲဖြေစမ်းပါ"
ယောင်တောင်နဲ့ပြန်ဖြေပြီးမှ ခါးသွေးသတိရ၍ ပြန်မေးလိုက်သည်။စာမကျက်ပဲ ဘယ်တွေလျှောက်သွားနေသည်လဲ။မိုးနှောင်းနဲ့သွားတွေ့တာလား။
"ဟီး ကိုကိုကအဖြေပြန်ပေးမယ်ဆိုလို့ သွားတာ"
"အဲ့တော့ အဖြေပြန်ရပြီပေါ့"
ခါးသွေးမေးလိုက်တော့ သကာရည်လောင်းထားသလိုမျက်နှာနှင့်ခေါင်းတဆက်ဆက်ညိတ်ပြသည်။ခါးသွေးသက်ပြင်းကိုချသည်။မိုးနှောင်းနဲ့သစ်သွေးကိုမတွဲစေချင်။မိုးနှောင်းက ရည်းစားထည်လဲ တွဲသူမို့ သူညီလေးကို ခဏတာပဲတွဲမှာကြောက်သည်။(၁၈)နှစ်သာရှိသေးတဲ့ကလေးက စိတ်ကစားတာဖြစ်နိုင်သလို မိုးနှောင်းကလည်းသစ်သွေးကိုအတည်မဟုတ်။ဒါသည် သူခံစားလို့ရသည်။ဆိုင်မှာ မိုးနှောင်းကို သစ်သွေးလာတွေ့ပြီးပြန်သွားချိန်တွင်မိုးနှောင်းမျက်နှာက ခနဲ့ပြုံးကိုတွေ့သည်။ထိုအပြုံးသည် သစ်သွေးလေးကို ဘယ်လိုထိခိုက်စေမှာသူမသိသောကြောင့် သစ်သွေးလေးကို မိုးနှောင်းဆီမှာ အချစ်မလွန်စေချင်။သေချာတာတစ်ခုသည် မိုးနှောင်းသည်သစ်သွေးကိုမချစ်ဘူးဆိုတာ။
ှု
"သစ်သွေး မင်းမိုးနှောင်းကို လိုတာထက်ပိုပြီးမချစ်နဲ့။အဲ့တာမှတစ်ချိန်သူကမင်းကိုထားခဲ့တဲ့အခါ မင်းခံနိုင်ရည်ရှိမှာ"ခါးသွေးပြောပြီးနောက် သစ်သွေးရှေ့မှထွက်လာခဲ့သည်။နောက်ကကျန်ခဲ့သောသစ်သွေးလေးကတော့ကြောင်တောင်တောင်လေး။ကိုကိုက သူ့ကိုဘာလို့ထားခဲ့မှာလဲဆိုတာကို စဉ်းစားနေလေသည်။
"သစ်သွေး ဘာရပ်လုပ်နေတာလဲ လာ"
ခါးသွေးထွက်လာတာတော်တော်ကြာသည့်တိုင်နောက်ကလိုက်မလာပဲ လမ်းထိပ်မှာရပ်နေပြီးဘာတွေစဉ်းစားနေသည်မသိတဲ့သစ်သွေးကိုလှမ်းခေါ်လိုက်သည်။ထိုတော့မှ သူနဲ့ခပ်လှမ်းလှမ်းရောက်နေတဲ့ ခါးသွေးဆီကိုအပြေးတစ်ပိုင်းနဲ့လာလေသည်။
YOU ARE READING
ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း (Completed)
Romanceဟုတ်ကဲ့ဗျ။ seme(လွန်းမင်းအိမ်) ချွဲပိုကြီးပါနော်။uke (ခါးသွေးလင်္ကာ)နဲ့မတွေ့ခင်ထိလူရိုးအေးကြီးပါ။မြင်မြင်ခြင်းချစ်သွားတဲ့ ပုံစံလေးပါဗျ။ side couple အနေနဲ့လည်း အဆဲသန်လွန်းပြီးရည်းစားရှုပ်တဲ့ကောင်လေးနဲ့လူရိုးအေးဆေးကျောင်းသားလေးပါဗျ။ ဟုတ္ကဲ့ဗ်။ seme(လြ...