Part (2)

4.1K 259 0
                                    


ခါးသွေးတစ်ယောက် တက်ကြွသောခြေလှမ်းများနှင့်အိမ်ကိုပြန်လာခဲ့သည်။ခါးသွေး အလုပ်ရပြီဖြစ်၍ ခါးသွေး အဖေကိုထောက်ပံ့နိုင်ပြီဖြစ်သည်။ခါးသွေးကို အဖေကချစ်လာတော့မည်။ခါးသွေးတစ်ယောက် တပြုံးပြုံးနှင့်အိမ်ထဲသ်ို့ဝင်၍ အဖေကိုတကျော်ကျော်အော်ခေါ်နေသည်။

"အဖေ အဖေဗျ။"

အသံစာစာလေးနှင့်အော်ခေါ်နေသံလေးကြောင့် အိမ်ရှိ ခါးသွေးအမေနှင့်မောင်နှမ နှစ်ယောက်သည်တပြုံးပြုံး။ဘာတွေပျော်စရာတွေ့လာလို့ သူ့အဖေအလုပ်သွားတာကိုမေ့ပြီးတစာစာအော်ခေါ်နေတာလဲ။

"သားကြီး မင်းအဖေအလုပ်သွားတယ်လေ။"

အိမ်ထဲသ်ို့ ၀င်လာသောခါးသွေးကို အမေက အိမ်ပေါက်ဝမှဆ်ီးကြို၍ ပြောရှာသည်။နောက်က မုန့်စားနေတဲ့နှစ်ကောင်ကတော့ခါးသွေးကိုမော့ကြည့်၍ ပြုံးစိစိ။

"ဟီး သားမေ့သွားလို့။"

ပြောပြောဆိုဆို မုန့်စားနေသောနှစ်ကောင်းနားသွားထိုင်လိုက်သည်။အမေကလည်း ခါးသွေးရှေ့မှာထိုင်သည်။

"အမေ သားအလုပ်ရလာပြီ။ကော်ဖီဆိုင်မှာသိလား။သားတို့ လမ်းထိပ်မှာ"

"ဟို Simple love cafe လား က်ိုကြီး"

ခါးသွေးပြောသည့်ကော်ဖီဆိုင်ကို နှိုင်းဝရ သိနေသည်။လူကသာ ၁၀ တန်းဖြေပြီးကာစ။ရပ်ကွက်ထဲသူမသိသေးတဲ့နေရာမရှိ။ဟိုစပ်စပ်ဒီစပ်စပ်နဲ့ စပ်စလူးမလေးကို ခေါင်းညိတ်ပြလိုက်ပြီးနောက်

"ငယ်လေးက ဘယ်လိုသ်ိ။"

"ဟီး အမေနဲ့ဈေးသွားရင်းအဲ့ဆိုင်ကိုတွေ့တာပါ။အဲ့ဆိုင်က အစ်ကိုကြီးက တအားချောတာရော။လုံးဝအကြွေဆင်ကြီး။မိမိုက်...."

"အဟမ်း အဟမ်း"

သစ်သွေးချောင်းဟန့်လိုက်သည်။အငယ်မသည် သူပြောနေတာသူ့အစ်ကိုတွေရှေ့ဆိုတာရောသတိရောရရဲ့လား။အစ်ကိုတွေရှေ့မှာ တစ်ခြားယောက်ျားလေးအကြောင်းကို
၀မ်းသားအားရ ထိုင်ပြောရဲတဲ့ သတ္တိကတော့ နည်းတဲ့သတ္တိတော့မဟုတ်။

"အငယ်မ ငါနားရင်းထအုပ်လိုက်ရမလား။နင်ပြောနေတာ အစ်ကိုတွေရှေ့ဆိုတာရော သိသေးရဲ့လား"

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now