Part (7)

2.4K 146 6
                                    

တစ်လခန့်ကြာသော်

Simple love ဆိုင်ပတ်ဝန်းကျင်တွင်လူများပျားပန်းခတ်တမျှလှုပ်ရှားသွားလာနေကြသည်။လမ်းမကြီးတစ်ခုဖြစ်သည့်အပြင်လူသွားလူလာများသည့်နေရာတစ်ခုမို့ ဈေးသည်များလည်းနေရာတကျနှင့်အပြိုင်အဆိုင်ဈေးရောင်နေကြသည်။ပူပြင်းတဲ့နေရောင်ကြောင့်ဈေးသည်အချို့ကတော့ ယပ်တောင်လေးတခပ်ခပ်၊စကားလေးတပြောပြောပေါ့။ချစ်စရာကောင်းစွာဆိုင်အခင်းအကျင်းလေးများနဲ့ မြန်မာဆန်စွာဝတ်ဆင်ထားကြသော အမျိုးသမီးငယ်များ၊ခေတ်ဆန်စွာဝတ်ဆင်ထားသော ကောင်လေး၊ကောင်မလေးများကလည်းထိုလမ်းမကြီးသည်မနက်ပိုင်းတွင် လူစည်လှပါသည်။

(ဈေးသည်ဆိုလို့ အသီးအရွက်တွေ၊အသားငါးတွေတော့မဟုတ်ပါဘူးဗျ။မုန့်ပဲသရေစာလေးတွေပေါ့။မုန့်ဟင်းခါးတို့၊အသုပ်ဆိုင်လေးတွေ အဲ့လိုမျိုး။)

ထိုနည်းတူကော်ဖီဆိုင်လေးအတွင်းမှာလည်း customor များကိုစနစ်တကျ ၀န်ဆောင်မှုပေးနေသောဝန်ထမ်းလေးများနဲ့ မှုန်ကုတ်ကုတ်ဖြစ်နေတဲ့ဆိုင်ရှင်ကိုတွေ့ရမှာဖြစ်ပါတယ်။

လွန်းမင်းတစ်ယောက် ကောင်တာမှာထိုင်နေသည်။မျက်နှာကမှုန်ကုတ်ကုတ်နှင့် ဆိုင်တွင်းကသူသွားလူလာနည်းသောချောင်ကျကျတစ်နေရာကလူနှစ်ယောက်ကိုကြည့်နေသည်။သူတော်တော်အူတိုနေပြီဖြစ်သည်။ပုခုံးဖက်လား၊ရိုက်လား၊ပုတ်လားနဲ့။ချစ်သူရည်းစားတွေကြလို့။အသွေးလေးက အဲ့ဒီမ်ိုးနှောင်းမောင်ဆိုတဲ့အကောင်နဲ့တပူပူးတတွဲတွဲ။တစ်ခါတစ်လေကျရင် သူနဲ့တွဲနေတာလား၊မိုးနှောင်းမောင်နဲ့တွဲနေတာလားမသဲကွဲ။အသွေးလေးက သူ့ကိုအထင်သေးနေတာလား။ရည်းစားစကားတောင်အသွေးလေးပြောမှပြန်ပြောရတဲ့ သူရဲဘောကြောင်တဲ့သူကြီးမို့အသွေးလေးက သူ့ကိုအရေးမစိုက်သည်လား။မချစ်တော့ဘူးများလား။ချစ်မှာပါ။တွဲနေတာ အခုမှတပတ်ပဲရှိသေး ချစ်လောက်မှာပါ။လွန်းမင်းဟာတော့ အရူးတစ်ယောက်လိုခေါင်းညိတ်လိုက်ခေါင်းခါလိုက်နဲ့။အတွေးတွေကလည်း ရည်းစားစကားပြောတဲ့နေ့ဆီသို့

🌾လွန်ခဲ့သောတစ်ပတ်ခန့်🌾
(flashback)

ခါတိုင်းလိုပဲ လွန်းမင်းတစ်ယောက်အသွေးလေးကိုဘယ်လိုဖွင့်ပြောရမလဲ အလုပ်လုပ်နေတဲ့အသွေးလေးကိုကြည့်၍တွေးနေမိသည်။အသွေးလေးကိုသူပြောလိုက်လို့ ပါးရိုက်ခံရမယ်ဆိုတဲ့အတွေးမျိုးသူ့မှမရှိတော့။နေ့တိုင်းတွေ့နေရတဲ့အသွေးလေးရဲ့ စိတ်ကိုသူအနည်းအကျဉ်းမှန်းဆနိုင်ခဲ့ပြီ။သူသိပါသော်လည်း မပြောရဲနေသည်ကြောင့် လွန်းမင်းသည်သူ့ကိုသူငကြောက်တစ်ယောက်ဆိုတာလက်ခံလိုက်သည်။

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now