Part (4)

3.1K 209 18
                                    

ခါးသွေးလင်္ကာတစ်ယောက် နောက်ကျနေ၍ဆိုင်သို့အမြန်ပြေးလာမိသည်။၀ရုန်းသုန်းကားဝင်လာသည်ကြောင့်ဆ်ိုင်ပေါက်ဝတွင်ရှိနေသောလူတစ်ယောက်ကိုသတိမထားမိဘဲ ၀င်တိုက်မိလေသည်။

ဘုန်း..

"အ့...."

တဖက်လူက ဘယ်လိုနေသည်မသိသော်လည်း ခါးသွေးရင်ဘက်တော်တော်နာသွားပြီဖြစ်သည်။သ်ို့ပါသော်လည်းမမြင်မစမ်းဝင်တိုက်မိသူကခါးသွေးမို့တောင်းပန်ဖို့ ပါးစပ်ဟလိုက်စဉ်တဖက်လူမှ

"လူတစ်ယောက်လုံးရပ်နေတာမမြင်ဘူးလား။ကန်းနေတာလား။ဟုတ်မှာပေါ့ ပေမမှီဒေါက်မမှီအရပ်ဆိုတော့။"

အောင်မှာ ငါအရပ်ပုတာကိုပဲလာထိခိုက်နေတာ။သူ့အရပ်ကြတော့ ငါ့အစ်ကိုလွန်းမင်းလောက်တောင်မရှည်ပဲနဲ့။ငါ့ကို ပေမမှီဒေါက်မမှီနဲ့တဲ့။သူ့ကျ ပဲလင်းမြွေ(ပဲတောင့်ရှည်)လိုရှည်တာကလွဲရင် တော်တော်ကြည့်လိုကောင်းရှာတယ်။ဆံပင်ကမီးခိုးရောင်နဲ့နားမှာလဲနားကပ်တွေကအားကြီး။ဂေါ်လီလိုလို၊ဂေါ်ပြားလိုလိုနဲ့။ဟမ့်...။ပိန်ပိန်ရှည်ရှည်နဲ့ ပဲသီးလိုကပ်ကြေးနဲ့ညပ်ပြီး ဒယ်အိုးထဲထည့်ကြော်စားလိုက်မယ်။ခါးသွေးလင်္ကာကိုဘာမှတ်နေတာလဲ။

"အောင်မာ ခင်ဗျားစကားပြောလွန်မလာနဲ့။မစကတောင်းပန်မလို့ပဲ။အခုတော့ ထပ်လုပ်မှာ။အင့်ဟာ.."

"ဟေ့...ဟာ...ခြေထောက်ကိုမနင်းနဲ့..ငါ့ဖိနပ်အသစ်လို့..တက်မနင်းနဲ့...ဟာ"

ဆိုင်မဖွင့်သေးခင်လာသည်ဆိုတော့သေချာပေါက်ဒီဆိုင်ရဲ့ဝန်ထမ်းဖြစ်လိမ့်မည်။မိုးနှောင်းနေမကောင်းလို့ခွင့်နှစ်ရက်ယူထားသည်ကြောင့် သူမရှိတုန်းခန့်ထားတာဖြစ်မည်။ဒီဆိုင်မှာရှိတဲ့ဝန်ထမ်းတွေနဲ့မိုးနှောင်းစကားကောင်းကောင်းမပြောဖူးသလို မိုးနှောင်းကိုလဲဘယ်သူမှအရေးတယူလာမပြော။ကိုယ့်အကန့်နဲ့ကိုယ်နေကြသည်မို့ မိုးနှောင်းကိုမခန့်လေးစားဘယ်သူမှမလုပ်။အခုတော့စိတ်ထဲထောင်းခနဲဖြစ်သွားသည်ကြောင့် ခန္ဓာကိုယ်သေးသေးလေးကိုကျိုးပဲ့သွားသည်ထိရိုက်ချင်သည်။

မိုးနှောင်းစိတ်ထက်လက်ကမြန်သည်မို့ လက်မောင်းကနေဆွဲလိုက်သည်။ဆိုင်ကလူတွေရပ်ကြည့်နေလဲဂရုမစိုက်။မိုးနှောင်းမောင်ဆိုတဲ့သူကို ဒီလိုမျိုးလာကြောလို့တော့ဘယ်ရမလဲ။

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now