Extra (1)

2.2K 120 6
                                    

"နယ်နယ်!!!"

"အဲ့လိုမခေါ်နဲ့"

"နယ်နယ်!!"

"ငယ်သွေးလေးကိုအဲ့လိုမခေါ်နဲ့!!!"

"အင့် နယ်နယ်"

လွန်းမင်းတစ်ယောက်ကလေးနဲ့ဖက်ပြီးရန်ဖြစ်နေသည်။ပေါက်စဟာလည်းမခေါ်ပါနဲ့ဆိုတာကို အဖေမကြိုက်တာသိရက်နဲ့စသည်။လွန်းမင်းကငယ်သွေးလေးကိုသူခေါ်သလိုလိုက်ခေါ်တာမကြိုက်။ပေါက်စကလဲအဖေမကြိုက်တာကိုမှခေါ်သည်။တော်ရုံတန်ရုံစိတ်မဆိုးတတ်တဲ့လွန်းမင်းက သူ့ငယ်သွေးလေးကိုသူခေါ်သလိုလိုက်ခေါ်ရင်တော့ ကလေးလဲမချန်အော်တတ်သည်။အရှေ့ကပေါက်စကတော့သူ့အဖေအော်သည်ကြောင့် နှုတ်ခမ်းဖူးတို့ကိုဆူထော်၍ငိုလေပြီ။မီးဖိုချောင်ထဲမှာဟင်းချက်နေတဲ့ခါးသွေးသည် ကလေးငိုသံကြားလို့ ယောင်းမကြီးကိုင်၍ထွက်လာသည်။

"ကိုကိုလွန်း ကလေးကိုငိုအောင်လုပ်ပြန်ပြီကလေးနဲ့လည်းရန်ဖက်ဖြစ်သိလား။"

ခါးသွေးသည်လွန်းမင်းကိုစကားတတွတ်တွတ်ဆို၍ဆိုဖာပေါ်မှာရှိနေသောကလေးဆီကိုသွားသည်။ချီချင်သော်လည်း ကလေးငိုသံကြား၍မိီးဖိုချောင်ထဲကဟင်းချက်နေလျက်နဲ့ပြေးထွက်လာခဲ့သည်ကြောင့် ယောင်းမကလက်ထဲပါလာသည်။ဟင်းဆီတို့ပေနေသည်မို့ ဟိုချမရဒီချမရမို့လက်ထဲကိုင်ထားပြီးလက်တစ်ဖက်နဲ့ကလေးကိုချော့ရသည်။

ပေါက်စကတော့ သူ့အဖေလာသည်နှင့် အဖေ့ပေါ်သို့ကုတ်ဖက်တက်၍ ခါးသွေးလည်ပင်းထက်လက်ဖောင်းဖောင်းတို့နှင့်ဖက်ထားပြီး ပုခုံးထက်ခေါင်းလုံးလုံးလေးကိုမှီထားသည်။ပါးလေးကဖောင်းကားနေသည်မို့တခြမ်းစောင်းနေသည်တွင် နောက်ပါးတစ်ဖက်ကပိုဖောင်းသွားပြီးခပ်မို့မို့လေးဖြစ်သွားသည်။

လွန်းမင်းသည် ပေါက်စက်ိုကြည့်၍အသည်းယားသော်လည်း သူ့ငယ်သွေးလေးကိုငယ်ငယ်လို့ခေါ်တာကိုမကျေနပ်။ထို့ကြောင့်မသိသလိုသာနေ၍ခုံပေါ်မှာထင်ထားသော သတင်းစာကိုသာယူ၍ဖတ်လိုက်သည်။

"နယ်နယ် ဖေအော်"

လွန်းမင်းသည်စာဖတ်နေလျက်နှင့် ငယ်ငယ်လို့ထပ်ခေါ်လိုက်သောပေါက်စကိုမျက်မှောင်ကုတ်၍ကြည့်သည်။ပေါက်စနကလည်းလွန်းမင်းကိုကြည့်၍ ငယ်သွေးလေးကိုတိုင်သည်။

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now