Part (5)

2.7K 175 10
                                    

သစ်သွေးလင်္ကာတစ်ယောက် အတန်းပြီးပြီဖြစ်၍ အိမ်ပြန်ရန်ကျောင်းမှထွက်လာခဲ့သည်။အိမ်ပြန်ရာလမ်းတစ်လျှောက် ကောင်မလေးများရဲ့သမင်လည်ပြန်ငေးခြင်းခံနေရသော ကိုသစ်သွေးတစ်ယောက် ဘယ်သူမှလူမထင်ဟန်မျက်နှာထားဖြင့်။အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကိုမှ တံတောင်ဆစ်ထိခေါက်တင်ထားသည်မှာလက်ကောက်ဝတ်တစ်လျှောက်မွေးညင်းနုလေးတွေနှင့်သွေးကြောစိမ်းလေးများနှင့်ပနံသင့်လှသည်။ပုဆိုးလေးကတော့အညိုရောင်ကွက်စိပ်လေးဖြင့် ကတ္တီပါအနက်လေးစီးထားသည်မှာဖြူသောအသားရည်နှင့်ရှည်သောအရပ်နှင့် ကြည့်လို့ကောင်းလှသည်။သစ်သွေးသည် အရမ်းကြီးမချောသော်လည်းကြည့်ပျော်ရှုပျော်ထဲမှာပဲပါသည်။သို့ပါသော်လည်း ကျောင်းဆယ်လီကြီးဖြစ်သဖြင့် နည်းနည်းတော့ ဟန်ဆောင်ကာမူပိုရသည်ပေါ့။

သစ်သွေးပြန်လာရာလမ်းတစ်လျှောက်တွင် market တစ်ခုတွေ့၍ကိုကြီးနဲ့ညီမလေးအတွက် ရေခဲမုန့်ဝင်ဝယ်ရန် market အတွင်းသို့ဝင်လိုက်သည်။ဆ်ိုင်ပေါက်ဝနားတွင်ရှိသော ရေခဲသေတ္တာထဲမှ ကိုကြီးအတွက်ချော့ကလက်ကိုအရင်ယူလိုက်သည်။ပြီးနောက် ညီမလေးတွက် vanillaဘူးကိုယူလိုက်သည်။ထိုစဉ် ထပ်တူကြလာသောလက်ဖြူဖြူလေးတစ်စုံ။သစ်သွေးလှည့်ကြည့်လိုက်တော့ မီးခိုးရောင်ဆံပင်နဲ့နားနှစ်ဖက်မှာလဲ နားကပ်တွေကနှစ်ခုထက်မက။သစ်သွေးထိုမျက်နှာကိုရင်းရင်းနှီးနှီးမြင်ဖူးသည်။ဘယ်မှာမြင်ဘူးလဲစဉ်းစားမရ။သစ်သွေးထိုလူမျက်နှာကိုကြည့်ပြီးစဉ်းစားခန့်ဖွင့်နေသောကြောင့် ဘူးကိုကိုင်ထားသောလက်ကအနည်းငယ်လွတ်သွားသည်။ထိုအချိန်တွင်တော့ တဖက်လူသည် ထိုဘူးကိုကိုင်၍ထွက်သွားပြီဖြစ်သည်။သစ်သွေးထိုလူ၏ကျောပြင်ကိုကြည့်ပြီး ထပ်စဉ်းစားသည်။မျက်လုံးထဲတွင်အရိပ်တစ်ချို့ဖြတ်ပြေးသည်။သစ်သွေးထိုလူကိူဘယ်မှာမြင်ဖူးလဲ သိပြီဖြစ်သည်။

"အာ..ဟုတ်သားပဲ..ငါ့ကိုကြီးကိုမုဒိန်းကျင့်တဲ့မုဒိန်းကောင်.."

"မုဒိန်းကောင်!!!!!"

သစ်သွေးတစ်ယောက် ကောင်တာမှာငွေရှင်းနေသောမုဒိန်းကောင်ကိုခေါ်လိုက်သည်။သူ့ညီမအတွက်ရည်ရွယ်ထားတဲ့ဘူးကို မုဒိန်းကောင်လက်ထဲအသာတကြည်ထည့်ပေးလ်ုက်စရာလား။ခေါ်လိုက်တော့ ဟိုကြည့်ဒီကြည့်နှင့်။ပြီးမှ မျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူလက်ညိုးထိုးပြလာသည်။တော်တော်ဒူရန်ကော။counter နားမှာသူနဲ့ကိုယ်ပဲရှိတာ။သူ့မခေါ်လို့ဘယ်အမျိုးကောင်းသားသမီးကိုခေါ်မလဲ။သစ်သွေးခေါင်းညိတ်လိုက်ပြီး နှုတ်မှလည်း

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now