Part (9)

2.2K 137 4
                                    


"ကိုကို"

"ဘာလဲကွာ"

"ကျွန်တော်ကိုဘယ်တော့အဖြေပြန်ပေးမှာလဲ"

"အခုပဲ နွား"

ပြန်ဖြေသည်ကမနူးညံ့သော်လည်းသစ်သွေးတစ်ယောက်ကတော့အပျော်လွန်သွားလေပြီ။အဖြေရဖို့ နှစ်လတောင်စောင့်ခဲ့ရတာ စောင့်ရကျိုးနပ်ခဲ့ပြီ။ဒီနေ့တနင်္ဂနွေနေ့မို့ ကိုကိုတို့ဆိုင်ကပိတ်သည်။သူလဲကျောင်းပိတ်သည်မို့ အိမ်မှာစာကျက်နေစဉ်ကိုကိုကတွေ့ချင်တယ်ဆိုလာသဖြင့် အပြင်ထွက်လာတာဖြစ်သည်။အရိပ်ရသစ်ပင်ကြီးအောက်မှာခုံတန်းရှည်ဖြစ်၍ ကိုကိုနဲ့အတူတူထိုင်နေခြင်းဖြစ်သည်။

"ကိုကို ပေးတော့လေ"

"အင်း"

ခေါင်းညိတ်လိုက်ပေမယ့်ဘာမှပြောမလာသေး။ကိုကိုဘာဖြစ်နေတာလဲ။သစ်သွေးတစ်ယောက်စိတ်မရှည်တော့။

"ကိုကို့!!!!!"

"  -ီးမလို့အော်နေတာလား နွားရဲ့ ခဏနေပါဦး"

"ကိုကိုက မိန်းကလေးလားအဖြေလေးတစ်ခါပေးဖို့အဲ့လောက်မူနေရအောင်"

မိုးနှောင်းစိတ်ကတိုသွားပြီမို့  သစ်သွေးနောက်စိကိုအုန်းခနဲရိုက်လိုက်သည်။

~~အုန်း~~

"ကိုကို့!!!!!"

"နားတွေငြီးလာပြီကွာ"

မိုးနှောင်းပြောလိုက်တော့ ဘေးကကောင်လေးကငြိမ်သွားသည်။

"မင်း ငါ့ကိုတကယ်ချစ်တာသေချာလား"

"ဟုတ်ကဲ့ လက်ထပ်ရင်လဲ မယားမှတ်မှတ်သားမှတ်မှတ်ပေါင်းပါ့မယ်။"

"မင်းကတော့!!!!   မင်းအဲ့လို စောက်ခွက်ပြောင်နေရင် လိုရင်းရောက်မှာမဟုတ်တော့ဘူးနော်။"

ပြောလိုက်တော့ မျက်နှာငယ်လေးနှင့်

"ဟုတ်ကဲ့ မပြောင်တော့ပါဘူး"

"ဟင်း....  အင်း"

မိုးနှောင်းဘေးကငြိမ်နေတဲ့ကောင်လေးကိုလှမ်းကြည့်လိုက်သည်။ဘာလဲ။အဖြေပြန်ပေးပြီးတာတောင်ငြိမ်နေသည်။

"ဟေ့ကောင်!!!!"

"ဗျာ ဗျာ"

နားနားကပ်ပြီးသေမလိုလာအော်နေတယ် ဒီကိုကိုကတော့။

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now