Part (6)

2.6K 159 4
                                    

သစ်သွေးအိမ်ကနေထွက်လာခဲ့သည်။သူဒီနေ့အတန်းကနေ့လည်မှတက်ရမည်ဆိုပေမဲ့ သူငယ်ချင်းတွေနဲ့ချိန်းထားသဖြင့်မနက်အစောကြီးထွက်လာခဲ့သည်။

ကျောင်းကန်တင်းသို့ရောက်သော်

"သစ်သွေး ငါတို့ဒီမှာ"

သစ်သွေးကိုလက်လှမ်းပြနေသည့် သူငယ်ချင်းတွေကိုပြန်လက်လှမ်းပြလိုက်ပြီးနောက် သူတို့ရှိရာဆီသို့သွားလိုက်သည်။သူတို့နှစ်ယောက်မျက်နှာကဘာဖြစ်။တစ်ယောက်မျက်နှာက ပြောင်စပ်စပ်။တစ်ယောက်တော့ ကြမ်းပြင်ထိမတတ်ငုံ့နေတဲ့ခေါင်းနဲ့ နီချင်နေတဲ့နားရွက်ဖျားတွေ။

"သစ်သွေးမင်းဒီနေ့ အတန်းကနေ့လည်မှမလား"

သစ်သွေး၏ဆယ်တန်းနှစ်ကသူငယ်ချင်းတွေဖြစ်သည်။သစ်သွေးတစ်ယောက်ထဲတက္ကသိုလ်ကွဲခြင်းဖြစ်သည်။ကျန်တဲ့၂ယောက်ကတော့ တစ်ကျောင်းထဲ တစ်မေဂျာထဲ။ဘာပြောစရာရှိလို့ ကျောင်းထိရောက်လာသည်လဲတော့မသ်ိ။

"အင်း ဘာလုပ်မို့လဲ"

"ငါတို့ဒီနေ့အတန်းပြေးလာတာ။မင်းနဲ့တွေ့ပြီးပြောစရာရှိလို့"

"ဘာပြောမှာလဲ ပြော။ပြောစရာရှိတာနဲ့ကျောင်းပြေးလာတာနဲ့ တစ်ပြားသားမှဆိုင်မနေ။ဖုန်းတွေက တက်နင်းဖို့ထုတ်ထားထာမဟုတ်ဘူး"

"အေးပါကွာ..မင်းဆိုသည်မှာလည်း။
ဒီလိုကွာ....သူရနဲ့ငါ...တွဲနေပြီကွ။အဲ့တာ..သူငယ်ချင်းဖြစ်တဲ့မင်းကိုပြောပြသင့်တယ်ထင်လို့။"

သစ်သွေးသိပြီးသားဖြစ်သည်။ကျောင်းတုန်းထဲက သူငယ်ချင်းကသုံးယောက်ဖြစ်သော်လည်း လင်းသော်ဆိုသည်မှာ သူရက်ိုပဲမျက်စိထဲမြင်သည့်အကောင်။ဟိုကောင်သူရဆိုသည်မှာလဲ လင်းသော်မှလင်းသော်။သစ်သွေးကဘေးကအတွဲချောင်း FAလေးပေါ့။အဲ့တာကြောင့်ရောက်ကတည်းကသူရဆိုတဲ့အကောင် သစ်သွေးကိုဘာမှမပြောရဲတာကို။ခေါင်းကြီးအောက်ငုံ့ပြီးဘာဖြစ်။အခုမှလာရှက်ပြနေ။

"မင်းဘာမှမဖြစ်ဘူးလား။"

"ဟမ် ဘာဖြစ်ရမှာလဲ။"

ဒီကောင် လင်းသော်ဘာထကြောင်။

"ငါတို့နှစ်ယောက်စလုံးကယောက်ျားလေးတွေလေ။"

ခါးသွေးချစ်သူ....ကိုလောရှည်(သို့)ကိုကိုလွန်း  (Completed)Where stories live. Discover now