Part -1

11K 393 7
                                    

Unicode

"ငီးးးးးငီးးးးငီးးးးးး"

ဝမ်ရိပေါ်တစ်ယောက် အိပ်နေရင်း သားငိုသံကြားသလိုလိုမို့ လန့်နိုးလာတာ။
ဟော တွေ့ပါပြီ ။ ဆိုဖာပေါ်မာ ထိုင်နေတဲ့ သားအဖနှစ်ယောက် ။ ကြည့်ရတာ သားနိုးတာကြာပြီ ထင်တယ်။ ကိုကိုက သားကိုချီရင်းနဲ့ အိပ်ပျော်နေတာ၊ သားက ကိုကိုလက်ပေါ်မာ ကိုကို ကိုကြည့်ပြီး ငိုနေတာ။

ငိုနေတဲ့သားစော်အော့လေးကို သွားချီလိုက်ပြီး ကိုကိုနဖူးကို အနမ်းပေးရင်း ကုတင်ပေါ်သွားအိပ်ဖို့ ပြောလိုက်သည်။

"ကိုကို ကိုကို "

"ဟင် သား သားဘာဖြစ်တာလဲ"

သူအသံကြားတော့ အလန့်တကြားနဲ့ သားကိုစိတ်ပူနေတဲ့ ကိုကိုက အရမ်းပင်ပန်းနေတယ်ထင်တယ် တောင်းပန်ပါတယ် ကိုကို။

"သား ဘာမှမဖြစ်ဘူး ကိုကို
ကုတင်ပေါ် သွားအိပ်နော် သားကို မောင်ပဲသိပ်လိုက်မယ်"

အမှန်တော့ ရှောင်ကျန်းက မအိပ်ရသေးတာ။
သားက သူတို့အိပ်ခါစမှ နိုးလာတော့ သူဘယ်လိုသိပ်သိပ် မအိပ်တာမို့ ကြာလာတော့ သူလည်းငိုက်လာပြီး အိပ်ပျော်သွားတာထင်တယ်။

အရင်က ညဘက်သားလေး တစ်ရေးနိုးပြီဆို မောင်ပဲသိပ်ခဲ့သည်။ အခုက မောင်အလုပ်ပြန်ဝင်ပြီဆိုတော့ နေ့ခင်းဘက်နဲ့တင် ပင်ပန်းနေပြီ မဟုတ်လား။

နားပါစေဆိုပြီး သူထ‌သိပ်ခဲ့ပေမယ့် သားကလွယ်လွယ်နဲ့ ပြန်မအိပ်လို့ သူအရင်အိပ်ပျော်သွားပြန်တယ်။ သူ့ကြောင့် မောင်ပင်ပန်းနေပြန်ပြီ။

"ရပါတယ် မောင်ပင်ပန်းလာတယ်မလား မောင်သွားနားလေ ကိုကိုပဲသိပ်လိုက်မယ်"

ရိပေါ်နာရီကြည့် လိုက်တော့ မနက်လေးနာရီတောင် ထိုးတော့မယ်။ ကြည့်ရတာ ကိုကိုတစ်ရေးမှ မအိပ်ရသေးဘူးထင်တယ်။ မောင့်ကို နိုးလိုက်တာ မဟုတ်ဘူး ကိုကိုကလေ။

"ကိုကို တစ်ရေးမှ မအိပ်ရသေးဘူးမလား
မောင့်ကို နိုးလိုက်တာ မဟုတ်ဘူး ကိုကိုရာ

မိုးတောင်လင်းတော့မယ် မောင်ကအိပ်ရေးဝပြီးသား ကိုကိုပဲ သွားအိပ်လိုက်တော့နော်"

Our Family (Completed)Where stories live. Discover now